Unicode
၁၆၇၃။ အင်မတန်လှပခဲ့ဖူးသည်
______________________သူ့ကို တခြားမိန်းမတွေနဲ့ပက်ပင်းဖမ်းတဲ့ကစားပွဲက ပိုပိုပြင်းထန်လာသည်။ အဆုံးမှာတော့ လီရှင်းကျယ်က ကစားပွဲကနေ နှုတ်ထွက်သွားလေ၏။ နောက်ဆုံးတော့လည်း သူက အဓိကလူဖြစ်နေတာမို့ ဒါက သိပ်ပြီးကျေနပ်ဖို့မကောင်းလှ။
လီရှင်းကျယ် အိမ်ပြန်လာတာ နည်းသည်ထက်နည်းလာပြီး သူတို့ရဲ့လက်ထပ်ထားမှုက အမည်သာရှိတော့သည်။ ချန်ကျန်းနန်ကား မီဒီယာရှေ့မှာ လီရှင်းကျယ်ကိုယ်စား အကြောင်းပြချက်တွေရှာပေးရကာ သူမတို့ရဲ့ဆက်ဆံရေးက သိပ်ကောင်းတယ်ဆိုတာ အပြင်လောက,ကယုံအောင်လုပ်ရသည်။
ချန်ကျန်းနန်တစ်ယောက် သူမရဲ့ခါးသည်းမှုတွေကိုမြိုသိပ်ရင်း မချိမခံသာဖြစ်နေတဲ့မိန်းမတစ်ယောက်လို ညစဉ်ညတိုင်းငိုတတ်သည်။
ချန်ကျန်းနန် သူမကိုယ်သူမ မှန်ထဲပြန်ကြည့်လိုက်မိသည်။ တစ်ချိန်တုန်းက သူမ သိပ်လှခဲ့ဖူးသော်ငြား ယခုတော့ သူမမျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုတွေနဲ့စိတ်ပျက်မှုတွေသာရှိတော့သည်။
သူနရဲ့နှုတ်ခမ်းထောင့်တွေက မတင်နိုင်ဖို့လေးလွန်းနေ၏။
သူမဘဝကို သူမ ဒီလိုပဲဆက်ပြီးအလဟဿအဖြစ်ခံတော့မှာလား? အပြန်အလှန်စိတ်ပျက်နေကြတဲ့အိမ်ထောင်ရေးမှာလေ? အတောမသတ်နိုင်တဲ့မိန်းမတွေနဲ့ရန်ဖြစ်ရင်းလေ?
အရမ်းပင်ပန်းလာပြီ!
ညပေါင်းများစွာရုန်းကန်ပြီးနောက်မှာတော့ ချန်ကျန်းနန်က သူမစိတ်ကိုစုစည်းကာ ခပ်ဖျော့ဖျော့ပြုံးလျက် ကွာရှင်းစာချုပ်ကို လီရှင်းကျယ်ရှေ့ တွန်းပို့လိုက်သည်။
လီရှင်းကျယ်က တစ်ချက်မျှကြည့်ပြီးနောက်လက်မှတ်ထိုးလိုက်လေ၏။ တစ်ဖက်လူက ဒီလိုနဲ့ပဲလက်မှတ်ထိုးလိုက်တာကိုမြင်တဲ့အခါ ချန်ကျန်းနန်ရဲ့နှလုံးသားက နာကျင်မှုနဲ့သွေးတွေဆောင့်တက်လာရသည်။
လီရှင်းကျယ်က ချန်ကျန်းနန်ကိုမေးသည်။
"မင်းဘာလိုချင်လဲ? ငါ မင်းကို လျော်ကြေးပေးနိုင်တယ်။"
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...