Chapter - 26

1.6K 253 9
                                    

Unicode

၁၆၃၄။ ကျေနပ်ဖို့ခက်ခဲလိုက်တာ!
________________________

"အခွင့်အရေးဆိုတာရဖို့ခက်တယ်။ အိမ်မပြန်နဲ့တော့။ ဇာတ်ညွှန်းကအရမ်းကောင်းလို့ လူကြိုက်များမှာသေချာတယ်။ ကြည့်ရှုသူတွေကို မင်းမျက်နှာပြခွင့်ရတာကောင်းတယ်။"

လီရှင်းကျယ်ကပြောသည်။

"မင်းပဲ သရုပ်ဆောင်ချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား? ဒီလောက်ကောင်းတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့လေ။"

"မင်း ဘာတွေများဖြစ်နေတာလဲ?"

နဉ်ရှုမှာ လီရှင်းကျယ်ရဲ့အသံထဲကမကျေနပ်မှုတချို့ကို ဖုန်းထဲကနေတစ်ဆင့်ခံစားမိလိုက်သည်။

""မင်းက ဒီလောက်ကောင်းတဲ့အခွင့်အရေးကိုတောင်မယူဘူးလား? ခေါင်းမမာစမ်းပါနဲ့။"

နဉ်ရှုကချက်ချင်းဆိုသည်။

"ငါမှားပါတယ်၊ ငါ အိမ်မပြန်တော့ဘူး။ နွေကျောင်းပိတ်ချိန်ကျ ငါ နင်တို့ကုမ္ပဏီကိုလာခဲ့မယ်။"

"မင်းမလာချင်ရင် ငါ မင်းကို အတင်းမလာခိုင်းပါဘူး။"

နဉ်ရှု : →_→

သူ စိတ်တိုပြန်ပြီဟ!!!

နဉ်ရှုမှာ မနေနိုင်စွာဖြင့် ဆံပင်ဆွဲမိရတော့သည်။

ချီး၊ ကျေနပ်အောင်လုပ်ဖို့ခက်ခဲချက်!

"ငါ လာဖို့အရမ်းဆန္ဒရှိပါတယ်။ ငါ့ကို ဒီအခွင့်အရေးပေးလို့ကျေးဇူးပါပဲ။ ငါ နင့်ကို ကျေးဇူးတင်လို့မဆုံးဘူး။"

နဉ်ရှုက ရွှင်မြူးစွာဆို၏။

"လာဖို့သတိရ။"

လီရှင်းကျယ်က ဖုန်းချသွားသည်။ နဉ်ရှုမှာ ဖုန်းကိုကြည့်ရင်း အင်မတန်စိတ်ပင်ပန်းနေရှာ၏။ သူမက ရေခွက်အကြီးကြီးနဲ့ရေသောက်လိုက်ပြီးနောက် ပြန်ထိုင်ကာစာဆက်ရိုက်သည်။

အခုအချိန်မှာ သူမက ဦးနှောက်ခြောက်အောင်စဉ်းစားပြီး သီချင်းတွေရေးနေတာဖြစ်သည်။ သူမက ရေးပြီးသွားတဲ့သီချင်းတွေကိုဖိုင်လုပ်ကာ လီကုမ္ပဏီဆီပို့လိုက်ပြီးနောက် သူတို့တွေက သီချင်းရဲ့မူပိုင်ခွင့်ကို သူတို့ကုမ္ပဏီနာမည်အောက်မှာပဲစာရင်းသွင်းလိုက်သင့်တယ်လို့ပြောထားတဲ့စာတစ်စောင်ပါချန်ခဲ့လိုက်သည်။ အဲ့လိုဆို ဒီသီချင်းတွေကို ကုမ္ပဏီကပိုင်နေမှာဖြစ်ပြီး ဒီသီချင်းက သူတို့သီချင်းပါလို့ပြောတဲ့သူတိုင်းရဲ့ပြောကြားချက်က အရာမရောက်တော့ပေ။ ဒါ့အပြင် လိုအပ်လာပါက လီကုမ္ပဏီက တရားစွဲပြီးအနိုင်ရနိုင်မည်ဖြစ်၏။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now