Chapter - 49

1.5K 203 10
                                    

Unicode

၁၆၅၇။ သူ ဘာလို့ အရမ်းကူကယ်ရာမဲ့နေသလိုခံစားနေရတာလဲ?
________________________

နဉ်ရှုက လီရှင်းကျယ်ကိုဆွဲကာ ကျောင်းဝင်းကိုဖြတ်ပြေးသည်။ သူမက အဆောင်ရောက်တဲ့အထိမနားတမ်းပြေးလာပြီးမှရပ်လိုက်ကာ ဒူးနှစ်ဖက်ပေါ်လက်တင်လျက်ကိုယ်ကိုကိုင်းချလိုက်ပြီး အမောတကောအသက်ရှူနေတော့၏။

လီရှင်းကျယ်က ကြမ်းပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး သူ့ရင်ဘတ်က သိသိသာသာပင်နိမ့်ချည်မြင့်ချည်ဖြစ်လို့နေသည်။

အချိန်အတော်ကြာသွားပြီးနောက်မှာ လီရှင်းကျယ်ရဲ့အသက်ရှူသံကပြန်လည်တည်ငြိမ်သွားပြီး သူက ကြမ်းပေါ်ကနေထရပ်သည်။ သူက နဉ်ရှုကိုကြည့်ကာဆို၏။

"မင်း တမင်လုပ်တာပဲ။ ဒီလူတွေက မင်းနောက်ကိုလိုက်နေတာသိသိကြီးနဲ့ လမ်းပဲလျှောက်ချင်နေတယ်။"

"နင်မှငါ့ကိုမယုံတာ၊ ငါက နင့်ကို ကိုယ်တိုင်ကြုံဖူးသွားစေချင်လို့။"

နဉ်ရှုက တည့်တိုးပင်ဆိုသည်။

"နင့်စိတ်ထဲ သံသယတွေရှိနေသေးရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပြော။ ငါတို့ သေချာစကားပြောလိုက်ရင် နားလည်မှုလွဲတာတွေရှိတော့မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား?"

နဉ်ရှုက စိတ်ရင်းဖြင့်ဆိုသည်။

"အဲ့ညက ငါ နင် ခွင့်မလွှတ်နိုင်စရာမျိုးဘာမှမလုပ်ခဲ့ဘူး။"

လီရှင်းကျယ် : ...

သူမနဲ့ပတ်သက်လာရင် သူ ဘာလို့ အမြဲကူကယ်ရာမဲ့နေသလိုခံစားနေရတာလဲ?

"ငါ အဲ့ကိစ္စနဲ့ရန်ဖြစ်ဖို့လုပ်နေတာမဟုတ်ရပါဘူးကွာ။ ဒီအတိုင်း အရမ်းနောက်ကျနေလို့။ ညပိုင်း တစ်ယောက်တည်းရှိနေတာက မင်းအတွက်မလုံခြုံဘူး။ တစ်ခုခုဖြစ်ရင် မင်း ငါ့ကိုပြောသင့်တယ်။ ဒီလိုမျိုး မင်းတစ်ယောက်တည်း မဆင်မခြင်မလုပ်နဲ့။"

လီရှင်းကျယ်ကပြောသည်။

နဉ်ရှုက ချက်ချင်းဆိုသည်။

"နင် နားလည်မှုမလွဲတော့ဘူးဆိုရင်ရပြီ။ နောက်ကျ ငါ နင့်ကိုအကုန်ပြောပြပါ့မယ်။ အို၊ ဟုတ်သားပဲ။ သူဌေးလုံကိုသိတယ်လို့ နင်ပြောတယ်နော်။ နင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ?"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now