Unicode
၁၆၂၄။ ဖန်းမုန့်ဟန်အတွက်သီချင်းရေး
______________________ညနေခင်းရောက်တဲ့အခါ နဉ်ရှုက ခန်းဆီးတွေကိုဆွဲပိတ်လိုက်ပြီး ပြိုင်ဘက်ကင်းသိုင်းပညာလေ့ကျင့်ဖို့ ကုတင်ပေါ်မှာတင်ပျဉ်ခွေထိုင်သည်။ တစ်ညလုံးလေ့ကျင့်ပြီးတဲ့နောက် နောက်တစ်ရက်မနက်မှာ သူမ အင်အားတွေပြည့်နေ၏။ ဒါက သူမမှာ တစ်နေ့လုံးသုံးမကုန်နိုင်တဲ့အင်အားတွေရှိနေသလိုခံစားရသည်။
ထိုအချိန်အတောအတွင်းမှာ ဖန်းမုန့်ဟန်နဲ့ယန်ယွီဟွေ့က ရင်းနှီးသည်ထက်ရင်းနှီးလာသည်။ ကျောင်းရဲ့မိန်းမလှလေးက သူ့ကိုသဘောကျတာမို့ ယန်ယွီဟွေ့မှာ အကျေနပ်ကြီးကျေနပ်နေ၏။ သူက ဖန်းမုန့်ဟန်အတွက် သီချင်းတစ်ပုဒ်တောင်ရေးပေးလိုက်သေးသည်။
ဖန်းမုန့်ဟန်က သီချင်းဆိုပြီးရိုက်ကူးကာ အင်တာနက်ပေါ်တင်သည်။ ဖန်းမုန့်ဟန်က ဖြူစင်လှပပြီး သူမရဲ့အသံလေးကလည်းနားဝင်ချိုတဲ့အချက်ကိုထပ်ပေါင်းလိုက်တဲ့အခါ သူမက အာရုံအတော်များများကိုဆွဲဆောင်လိုက်နိုင်ပြီး သူမကို ဆက်ဆံရေးတက္ကသိုလ်မှာချက်ချင်းပင်နာမည်ကြီးတစ်ယောက်ဖြစ်သွားစေသည်။
အရင်တုန်းကတော့ ဖန်းမုန့်ဟန်က ရုပ်ချောရုံသာဖြစ်၏။ ဆက်ဆံရေးတက္ကသိုလ်မှာ ရုပ်ချောတဲ့သူတွေအများကြီးရှိသည်။ တက္ကသိုလ်မှာ ရုပ်ချောတဲ့ကောင်လေးတွေ၊ ကောင်မလေးတွေအများကြီးစုနေသည်။ သို့သော်ငြား အခုတော့ ဖန်းမုန့်ဟန်မှာ သီးခြားဖြစ်သွားစေနိုင်တဲ့အရည်အချင်းရှိနေပြီမို့ သူမက သာမန်မိန်းမလှလေးမဟုတ်တော့ချေ။
ဖန်းမုန့်ဟန်ဘယ်သွားသွား လူတွေကသူမကိုသတိထားမိကြသည်။ ဆက်ဆံရေးတက္ကသိုလ်ရဲ့ဘယ်ထောင့်ကိုပဲသူမသွားပါစေ အဲ့မှာ သူမကိုသတိထားကြည့်နေကြတဲ့လူတွေရှိသည်။ သူမက နာမည်ကျော်တစ်ယောက်ဖြစ်ရတဲ့ခံစားချက်ကို ကြိုတင်ခံစားနေရပြီဖြစ်၏။
စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကတောင် ဖန်းမုန့်ဟန်ကိုခေါ်ဖို့ရောက်လာသည်။ အဲ့ကိစ္စပြီးတဲ့နောက်မှာ ဖန်းမုန့်ဟန်တစ်ယောက် ယန်ယွီဟွေ့က အရမ်းအရည်အချင်းရှိတဲ့သူလို့ ပိုလို့ပင်ခိုင်ခိုင်မာမာခံစားမိလာသည်။ သူမသာ သူနဲ့ပိုရင်းနှီးရင် သူမ အဲ့ဒါကနေသေချာပေါက်အကျိုးအမြတ်ရမှာ။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...