Unicode
၁၆၆၁။ ငါ့သူတော်စင်ပညာရပ်ကနိမ့်လွန်းနေတယ်
________________________ယန်ယွီဟွေ့က ဖန်းမုန့်ဟန်ရှာလာပေးတဲ့သူတော်စင်ပြောတဲ့သံသယဝင်စရာစကားတွေကို အလေးအနက်စဉ်းစားကြည့်သည်။
ဖျော်ဖြေရေးလောကမှာရှိတဲ့လူအများစုက ကံကို အတိုင်းအတာတစ်ခုအထိယုံကြသည်။ တစ်ချို့လူတွေက အင်မတန်နာမည်ကျော်လာတတ်ကြပြီး တစ်ချို့ကြပြန်တော့ သေတဲ့အချိန်ထိတောင် နာမည်မရှိကြပေ။
ယန်ယွီဟွေ့က သူ့ဘဝအချိန်အများစုကို ဖျော်ဖြေရေးလောကမှာပဲကုန်ဆုံးခဲ့တာဖြစ်သည်။ နာမည်ကြီးဖို့အတွက် ကလေးတွေကိုပူဇော်စတေးကြတဲ့ကြယ်ပွင့်တွေ၊ အောက်လမ်းပညာလေ့ကျင့်ကြတဲ့သူတွေကိုတောင်သူတွေ့ဖူးသည်။
ဒါက စိတ်ကြောင့်လားမသိပေမယ့် ရုတ်တရက် သူကျောထဲစိမ့်သွားပြီး မျက်လုံးတစ်စုံက သူမမြင်နိုင်တဲ့တစ်နေရာကကြည့်နေသလို ယန်ယွီဟွေ့ ရုတ်တရက်ခံစားလိုက်ရသည်။
ယန်ယွီဟွေ့ရဲ့စိတ်ခံစားချက်တွေ ကမောက်ကမဖြစ်လာသည်။ သူ့အတွက် ကိစ္စတိုင်းတလွဲတွေဖြစ်ကုန်တာ တကယ်ပဲမကောင်းတဲ့အရာတစ်ခုခုကြောင့်ဖြစ်နိုင်တယ်။
"ကျွန်မတို့ ဘာလုပ်သင့်လဲ သူတော်စင်ကြီးရှင့်? ရှင် စီနီယာ့ကိုတွယ်ကပ်နေတဲ့အရာကို ဖယ်ရှားပေးနိုင်လား?"
ဖန်းမုန့်ဟန်က စိုးရိမ်တကြီးမေးသည်။
သူတော်စင်ကခေါင်းခါ၏။
"ငါ့သူတော်စင်ပညာရပ်က နိမ့်လွန်းနေတယ်၊ ပြီးတော့ ဒီအရာက အရမ်းစွမ်းအားကြီးလွန်းတယ်။ ငါ အဲ့ဒါကိုမနိုင်ဘူး။ ငါ အဲ့ဒါကိုနှင်လိုက်ရင် အဲ့အရာက ဒေါသထွက်သွားနိုင်ပြီး အားလုံးအန္တရာယ်ရှိလာနိုင်တယ်။"
"ငါသွားပြီ။"
သူတော်စင်က အသက်လုပြေးနေရသလိုမျိုး အလောတကြီးထွက်သွား၏။
ယန်ယွီဟွေ့တစ်ယောက် စိတ်ထဲကြိတ်ကာပျာယာခတ်နေတော့သည်။ ဖန်းမုန့်ဟန်ကိုကြည့်ရင်း သူ့ပါးစပ်က ကုပ်ကျကာ တံတွေးတွေစီးကျလာသည်။
KAMU SEDANG MEMBACA
Superstar System (Realm-25)[Myanmar Translation]
PertualanganName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...