Chapter - 64

1.2K 194 18
                                    

Unicode

၁၆၇၂။ သူမရဲ့ပျော်ရွှင်မှုလေး မကွယ်ပျောက်စေလို
________________________

လီရှင်းကျယ်က ချန်ကျန်းနန်ကို သိပ်အများကြီးမတွေးဖို့ပြောသည်။

သူမ လီရှင်းကျယ်ကို ယုံသင့်လားမယုံသင့်ဘူးလား ချန်ကျန်းနန်မသိတော့ပေ။ ဖျော်ဖြေရေးလောက,ကရှုပ်ထွေးသည်။ လီရှင်းကျယ်ကိုအသုံးချပြီး အမြင့်ရောက်ချင်နေတဲ့အဲ့သရုပ်ဆောင်က တမင်တကာသတင်းထွက်အောင်လုပ်နေတာလည်းဖြစ်နိုင်သည်။

ချန်ကျန်းနန်ကလီရှင်းကျယ်ကိုချစ်သည်။ ဒါ့အပြင် သူမနဲ့လီရှင်းကျယ်ရဲ့မင်္ဂလာပွဲက အင်မတန်ကြီးကျယ်ခမ်းနားခဲ့သည်။ မိန်းမတွေအများကြီး သူမရဲ့ပျော်ရွှင်ရမှုကို အားကျကြသည်။

သူမရဲ့ပျော်ရွှင်မှုလေး သည်လိုနဲ့ပဲကွယ်ပျောက်သွားရမှာကို ချန်ကျန်းနန်မလိုလားတာမို့ သူမက သူမကိုယ်သူမဖိအားပေးကာ အတော်လေးပျော်ရွှင်နေပုံကိုထိန်းသိမ်းထားသည်။

ဖန်းမုန့်ဟန်က သူမရဲ့လီရှင်းကျယ်တို့ ဟိုတယ်တစ်ခုမှာရောက်နေတယ်လို့ ဖန်းမုန့်ဟန် ဖုန်းဆက်ရန်မစခင်အချိန်အထိပင်။

ဟိုတယ်ဆိုတဲ့စကားလုံးက အားလုံးကိုပြောပြသွားသည်။

ချန်ကျန်းနန်အပြေးအလွှားရောက်လာချိန်မှာ ဖန်းမုန့်ဟန်နဲ့လီရှင်းကျယ်တို့က ကုတင်ထက်မှာပူးကပ်တွယ်ယှက်နေကြသည်။

ချန်ကျန်းနန်နောက်ကလိုက်လာတဲ့သတင်းထောက်ကတော့ သတင်းအကြီးကြီးရလိုက်၏။

သတင်းထောက် ဓာတ်ပုံရိုက်လိုက်ချိန်မှာ ချန်ကျန်းနန်သတိဝင်လာပြီး တံခါးပိတ်ကာ သတင်းထောက်ကို အပြင်မှာထားရစ်ခဲ့သည်။

ဖန်းမုန့်ဟန်က သူမကိုယ်ကို စောင်တစ်ထည်နဲ့လွှမ်းကာ ဘဝင်မြင့်စွာဖြင့်ရန်စဟန်ပြုံးနေ၏။

လီရှင်းကျယ်က သူ့နဖူးကိုပွတ်ကာ နူးညံ့စွာဆိုသည်။

"ကျန်းနန်။"

"ဘာလို့လဲ?"

ချန်ကျန်းနန်ကမေးသည်။

လီရှင်းကျယ် စကားမဆိုပေ။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now