Chapter - 60

1.1K 193 2
                                    

Unicode

၁၆၆၈။ ဘာလို့ ငါ့အပိုင်မဟုတ်ရတာလဲ?
_______________________

"→⁠_⁠→ဘာလို့ ငါ့အပိုင်မဟုတ်ရတာလဲ?"

နဉ်ရှု စိတ်တိုသွားသည်။

"အဲ့ဒါတွေက ဒေတာတွေလေ၊ မင်း သုံးနိုင်လို့လား?"

2333ကပြောသည်။

"ဒါက ငါတို့systemတွေကြားကကိစ္စ။ မင်းနဲ့ ဘာဆိုင်လို့တုန်း?"

နဉ်ရှု : ...

systemကိစ္စဖြေရှင်းပြီးတာနဲ့ နဉ်ရှုက ကျောင်းကိုလှည့်ပြန်သွားတော့သည်။ ရေချိုးပြီးနောက် သူမက ကုတင်ပေါ်မှာလှဲကာ ကောင်းကောင်းအိပ်လိုက်သည်။ နောက်ဆုံးတော့ ကိစ္စတွေအားလုံးရှင်းသွားခဲ့ပြီ။

သူ့အခြေအနေနဲ့ ကျောင်းဆက်တက်ဖို့မဖြစ်နိုင်တော့တာမို့ ယန်ယွီဟွေ့ရဲ့မိဘတွေက ကျောင်းထွက်စာလာတင်ကာ ကိုယ်တစ်ပိုင်းသေနေတဲ့ယန်ယွီဟွေ့ကို အိမ်ပြန်ခေါ်သွားသည်။

ယန်ယွီဟွေ့တစ်ယောက် လူဆိုးတွေနဲ့ရှုပ်မိလို့ ခြေထောက်အဖြတ်ခံလိုက်ရတယ်ဆိုတဲ့ကောလဟာလတွေ ကျောင်းမှာပြန့်သွားသည်။ မည်သို့ဆိုစေ၊ ကောလဟာလမျိုးစုံပွထနေပေ၏။

ယန်ယွီဟွေ့က အရင်တုန်းက သီချင်းတွေနဲ့ဇာတ်လမ်းတွဲတွေရေးဖူးတာမို့ ကျောင်းမှာတော့ သူက အတော်လေးလူသိများသည်။ သူက အလျင်အမြန်နာမည်ကြီးလာပြီး ဥက္ကာပျံလို အလျင်အမြန်ကျဆင်းသွားသည်။

ယန်ယွီဟွေ့တစ်ယောက် ကျောင်းမှာထပ်ပေါ်မလာတော့ပေ။

ဖန်းမုန့်ဟန်က စိတ်သက်သာရာရသွားတဲ့သက်ပြင်းတစ်ချက်ချသည်။ ယန်ယွီဟွေ့က ပြန်သွားပြီးတော့ သူမကို သူ့ကိုဘာလို့လိမ်ခဲ့တာလဲဆိုတာ လာမမေးဘူး။ ဒါက ယန်ယွီဟွေ့ရဲ့ရောဂါမပျောက်သေးဘဲ သူ စကားလည်းပီပီသသမပြောနိုင်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပဲ။

သူမ ယွမ်သန်းအတော်များများကို အလကားရလိုက်တယ်။

ဘုရားသခင်က တကယ်ကိုကြင်နာတတ်တာပဲ။ သိပ်မကြာခင်မှာပက် ဖန်းမုန့်ဟန်တစ်ယောက် ယန်ယွီဟွေ့ကို လုံးလုံးမေ့သွားတော့သည်။ သူမကို သရုပ်ဆောင်လုပ်ဖို့ခေါ်ချင်တဲ့အေဂျင်စီတစ်ခုရှိလာသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now