Chapter - 54

1K 154 1
                                    

Unicode

၁၆၆၂။ ငွေကြေးဆိုတာ ရုပ်ပစ္စည်းသက်သက်
______________________

ယန်ယွီဟွေ့ မနေနိုင်စွာမျက်မှောင်ကုတ်မိရသည်။ သူ ဒီအိမ်ကို ပိုက်ဆံအများကြီးပေးဝယ်ထားတာ။ သူ တကယ်ပဲ ဒီမှာဆက်နေလို့မရတော့တာလား?

"ငွေကြေးဆိုတာ ရုပ်ပစ္စည်းသက်သက်ပဲ။ ဒီလောက်ငွေပမာဏလေးကိုနှမြောပြီး ဒီလိုအိမ်မျိုးမှာဆက်နေမယ်ဆိုရင် မင်း အသက်ရှည်မှာမဟုတ်ဘူး။"

ယန်ယွီဟွေ့တုန့်ဆိုင်းနေတာကိုမြင်တဲ့အခါ သူတော်စင်ကပြောလာသည်။

ဖန်းမုန့်ဟန်က ယန်ယွီဟွေ့ဘေးမှာထိုင်ချကာ ‌သူ့ကိုဖျောင်းဖြလာသည်။

"စီနီယာ၊ အစ်ကို သူတော်စင်ကြီးပြောတာကို နားထောင်သင့်တယ်။ အစ်ကို ဒီအိမ်ကိုရောင်းလို့ရတာပဲ။"

ယန်ယွီဟွေ့မှာ ရွေးချယ်စရာမရှိဘဲခေါင်းငြိမ့်ရတော့သည်။

သူတော်စင်အိုကြီးက မကောင်းဆိုးရွားနှင်မှုကို စတင်၏။ သူ့အပြုအမူတွေက ကြီးကျယ်ကာ မယုံနိုင်စရာမြင်ကွင်းကိုဖြစ်ပေါ်လာစေသည်။ သူတော်စင်အိုကြီးရဲ့မျက်နှာကိုကြည့်ရုံနဲ့တင် မကောင်းဆိုးရွားဝိဉာဉ်တွေကိုတိုက်ထုတ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာသိနိုင်သည်။

နောက်ဆုံးမှာတော့ သူတော်စင်အိုကြီးမှာ သွေးတစ်လုပ်အန်ကာ သတိလစ်သွားတော့၏။

သတိရလာတာနဲ့ ဒီအရာက သူ မနှင်နိုင်လောက်အောင်အားကြီးလွန်းနေတယ်ဆိုကာ အလောတကြီးထွက်သွားသည်။

ယန်ယွီဟွေ့တစ်ယောက် ပိုလို့ပင်စိုးရိမ်လာတော့သည်။ သူက သူတော်စင်အိုကြီးကို ယွမ်နှစ်သိန်းချက်ချင်းပေးဖို့ကမ်းလှမ်းသည်။ သူတော်စင်သာ သူ့ဘေးနားကအရာကိုနှင်ထုတ်ပေးနိုင်ရင် သူ့အနေနဲ့ ယွမ်နှစ်သိမ်းပင်ပေးနိုင်၏။

သူတော်စင်အိုကြီးက စဉ်းတောင်မစဉ်းစားဘဲလက်ခါသည်။ ထို့နောက် သူက သူ့ပစ္စည်းတွေကိုထုပ်ပိုးကာ လှည့်မကြည့်ဘဲထွက်သွားတော့သည်။

ဖန်းမုန့်ဟန်က သူ့နောက်အပြေးလေးလိုက်သွားကာ သူ့ကိုပြန်ခေါ်လာနိုင်ဖို့ အကောင်းဆုံးကြိုးစားသည်။ သည်တစ်ကြိမ်မှာတော့ ယန်ယွီဟွေ့က ယွမ်တစ်သန်းချက်ချင်းကမ်းလှမ်းသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now