Chapter - 11

2.1K 312 8
                                    

Unicode

၁၆၁၉။ သဲလွန်စမရှိဘဲပျောက်သွား
____________________

ယန်ယွီဟွေ့က လီရှင်းကျယ်ကိုဂရုမစိုက်သော်ငြား ချန်ကျန်းနန်ကိုအတော်လေးစိတ်တိုနေသည်။ ချန်ကျန်းနန်အပေါ် ဒီလောက်အကြာကြီးကြိုက်ခဲ့မိတာ သူ တကယ်တုံးတာပဲလို့ သူခံစားနေရသည်။

တကယ်တုံးတာ!

အဲ့ချန်ကျန်းနန်က ကြိုးကိုင်တတ်တဲ့ခွေးမပဲ။ မောက်မာတဲ့အကြံသမားခွေးမ။ ‌တစ်နေ့ သူ ဒါကို သေချာပေါက်နောင်တရလိမ့်မယ်။

ယန်ယွီဟွေ့က အဆောင်ကိုပြန်သွားပြီး လက်ပ်တော့ပ်ကိုဖွင့်သည်။ သူက ကျောင်းမှာပဲရှိသေးတော့ ပိုက်ဆုံစုဖို့ ဝတ္ထုတွေအရင်သုံးမယ်။ ယန်ယွီဟွေ့က သူ့အနာဂတ်ကို စီစဉ်ထားပြီးပြီဖြစ်သည်။ သူက သူကျောင်းမှာရှိနေတဲ့အချိန်ကို ရှာနိုင်သမျှပိုက်ဆံရှာဖို့ အသုံးပြုမည်ဖြစ်၏။

ဝတ္ထုရေးတာ၊ သီချင်းရေးတာ၊ ဇာတ်ညွှန်းရေးတာ၊ ဒါတွေအားလုံးက အဆုံးမရှိတဲ့ကြွယ်ဝမှုရေစီးကြောင်းကြီးပင်။

သို့သော်ငြား ယန်ယွီဟွေ့ ကွန်ပျူတာဖွင့်လိုက်ချိန်မှာ သူ သူ့စာမူတွေကိုရှာမတွေ့ချေ။ သူက ဖိုင်တွေတိုင်းကိုလိုက်ကြည့်ကာ သူ့စာမူတွေကိုလိုက်ရှာနေရင်း သူ့နှလုံးသားက ရုတ်တရက်ဒိန်းခနဲအပြင်းအထန်ဆောင့်ခုန်လာသည်။

သို့သော်ငြား စာမူတွေအားလုံးက သဲလွန်စတစ်ခုတောင်မကျန်ဘဲပျောက်ဆုံးနေ၏။

ဘာတွေဖြစ်နေတာလဲ?

စာမူတွေအများကြီးရှိတာကို။ သူ့မှာ မျှော်လင့်မှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ညဉ့်နက်တဲ့အထိတောင်နေပြီးရေးထားရတာ။ ဒါတွေက နာမည်ကြီးမှာမှန်းသူသိလို့ ရေးနေတုန်းမှာ သူအင်အားအပြည့်နဲ့ပြုံးပျော်နေတာ။ ဒါပေမယ့် အခုတော့ စာမူတွေပျောက်ကုန်ပြီ!

ပျောက်ကုန်ပြီ!
ပျောက်ကုန်ပြီ!!!??

ယန်ယွီဟွေ့မှာ ဒေါသထွက်လွန်းလို့ သူ့ကွန်ပျူတာကိုရိုက်ခွဲပစ်ချင်လာ၏။ သူက သူ့အခန်းဖော်တွေကို ဒေါသတကြီးစစ်မေးသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now