Unicode
၁၆၆၉။ တာဝန်ရလဒ်များ
_____________________လေ့ကျင့်လို့ပြီးတဲ့အခါ နဉ်ရှုတစ်ယောက်လန်းဆန်းသွားပြီး ခြေဆန့်လိုက်သည်။ သူမက 2333ကိုပြော၏
"တာဝန်ကိုတစ်ချက်ကြည့်ရအောင်။"
"အိုကေ!"
2333ရဲ့လေသံကပေါ့ပါးနေသည်။ ဒီတာဝန်ကနေ အကျိုးအမြတ်ရလိုက်တာမို့ သူ့စိတ်အခြေအနေကောင်းနေတာသိသာသည်။
နဉ်ရှုရှေ့မှာ အခြေအနေပြဇယားပေါ်လာသည်။
နံပါတ် : 2333
အမည် : နဉ်ရှု (အလယ်အလတ်အဆင့်တာဝန်ထမ်းဆောင်သူ)
အသက် : 27
အတွေ့အကြုံ : 8150k (+3500k)
ဝိဉာဉ် : 300
သက်တမ်း : 71
ဉာဏ်ရည် : 254
ဆွဲဆောင်မှု : 10
ကံကောင်းမှု : 84
စိတ်ခွန်အား : 160
သိုင်းပညာ : 172
သစ္စာရှိမှု : 1814 (+600)
ပါရမီ : 79
ကုသိုလ် : 10050 (-5)
စွမ်းရည်များ : ငါးကွင်းထိသေနတ်ပစ်စွမ်းရည်၊ အမှိုက်အဆင့်ကိုယ်ခံပညာ၊ ပြိုင်ဘက်ကင်းသိုင်းပညာ၏အမှိုက်အဆင့်စတင်လေ့ကျင့်သူ၊ အခြေခံအဆိပ်ဖော်စပ်ခြင်း၊ အခြေခံစီးပွားရေးစီမံခန့်ခွဲမှုအသိပညာ၊ အစပျိုးအဆင့်ပရိုဂရမ်ရေးဆွဲသူ၊ အစပျိုးအဆင့်ရှေ့နေ၊ အစပျိုးအဆင့်အပနှင်သူ။
ရရှိထားသောဘွဲ့များ : စစ်နတ်ဘုရားမ၊ ကိုယ်ကျိုးမငဲ့သည့်ဘိုးဘေး။
ပစ္စည်းများ : တည်ငြိမ်ခြင်းရောင်ဝါ၊ သစ္စာရောင်ဝါ၊ အကာအကွယ်အဆောင် ×၅၊ အဆင့်မြှင့်တင်ထားသည့်အကာအကွယ်အဆောင်။
ရောင်ဝါများ : လောကအကျိုးပြုမိခင် (မိဖုရားခေါင်၏ကောင်းချီး)၊ စံပြအလုပ်သမားမမ (ချန်းရှီ၏ကောင်းချီး)၊ အကြီးအကဲရောင်ဝါ (ချောင်၏ကောင်းချီး)၊ ရာသက်ပန်မိတ်ဆွေ (မြောင်မြောင်မြောင်၏ကောင်းချီး)၊ ဆေးကုသည့်လက် (ကျူးစုနျန်၏ကောင်းချီး)။
ချန်ကျန်းနန်၏ဆန္ဒအားဖြည့်ဆည်းခဲ့ပါသည် : ယန်ယွီဟွေ့ အရာအားလုံးဆုံးရှုံးရကာ ရွှံ့နွံထဲမှာထာဝရရုန်းကန်နေရစေရန်။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...