Chapter - 3

3.2K 390 3
                                    

Unicode

၁၆၁၁။ မင်း ငါချစ်‌ရေးဆိုတာကို လက်ခံမှာလား?
__________________

နဉ်ရှုက သေနတ်တွေလဲလို့မရတာမို့ အဆာခံဆေး၊ ရေနဲ့ အခြေခံဆေးပစ္စည်းတချို့လဲလိုက်သည်။ ဒီလိုဆို ဘာဖြစ်ဖြစ် သူမ အသက်ရှင်နိုင်လိမ့်မယ်။

အလုပ်အပ်သူရဲ့အမုန်းနဲ့အငြိုးတွေကိုသတိရမိတဲ့အခါ ဒီတာဝန်က ရှုပ်ထွေးတဲ့တာဝန်နောက်တစ်ခုဖြစ်လောက်တယ်လို့ သူမ သိလိုက်သည်။ နဉ်ရှုက အသက်ပြင်းပြင်းရှူလိုက်ကာ 2333ကိုပြောသည်။

"တာဝန်စလိုက်ရအောင်။"

နဉ်ရှုခေါင်းက ချက်ချင်းဆိုသလိုပင် စတင်မူးဝေလာတော့၏။ သူမရဲ့ဝိဉာဉ် တဖြည်းဖြည်းသန်မာလာတည်းက သူမရဲ့ဝိဉာဉ်က ခန္ဓာကိုယ်နဲ့ပေါင်းစပ်နေတာကို သူမ အသေအချာခံစားနိုင်သည်။

သူမကိုယ်သူမ အထဲကို အတင်းအကြပ်တိုးဝင်ဖို့ကြိုးစားနေသလိုခံစားရသည်။

သူမရဲ့ဝိဉာဉ်က ခန္ဓာကိုယ်နဲ့အပြည့်အဝပေါင်းစပ်သွားချိန်၌ နဉ်ရှုမျက်လုံးတို့ကိုဖွင့်လိုက်ပြီး ရှေ့မှာရပ်နေသည့်ကောင်လေးတစ်ယောက်ကိုသာတွေ့လိုက်ရသည်။ သည်ကောင်လေးရဲ့ဆံပင်တွေကို ဟဲဂျယ်လ်နဲ့ အကျအနဖြီးသင်ထားပြီး သူ့မျက်နှာထက်မှာ ဝက်ခြံတချို့ရှိနေသည်။

သည်ကောင်လေးက ခပ်ငယ်ငယ်ကျောင်းသားလေးဖြစ်သော်ငြား သူ့ကိုယ်ကတော့ အထွတ်အထိပ်ကိုကျော်လွန်ရောက်ရှိပြီးတဲ့အမျိုးသားတစ်ယောက်ရဲ့ခံစားချက်ကိုထုတ်ဖော်ပေးစွမ်းနေသည်။ သူ့မှာ လူငယ်တွေရဲ့သဘာဝဖြစ်တဲ့ ငယ်ရွယ်တက်ကြွမှုနည်းနည်းမှမရှိဘဲ သူ့အကြည့်တွေမှာ ပြင်းထန်လွန်းတဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ကျေနပ်အားရမှုတွေပါဝင်သည်။

သူက အခုလေးတင် ယွမ်ငါးသန်းထီပေါက်ထားသူနဲ့တူ၏။

"အတန်းဖော်ချန်ကျန်းနန်၊ မင်း ငါချစ်ရေးဆိုတာကို လက်ခံမှာလား?"

နဉ်ရှုရှေ့တွင်ရပ်နေသည့်ကောင်လေးကပြောလာသည်။ သူ့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က အပြုံးတစ်ခုအဖြစ်ကော့တက်နေပြီး သူက အတော်လေးဥပဓိရုပ်ကောင်းပုံပေါ်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now