Chapter - 12

2.1K 324 7
                                    

Unicode

၁၆၂၀။ ဒီလူတွေက ကျေးဇူးကန်းတဲ့လူတွေပဲ
________________________

ယန်ယွီဟွေ့မှာ ဒေါသတို့ဖြင့်တုန်ရီနေ၏။ အဆုံးတွင်တော့ သူက အဲ့ဝတ္ထုတွေကို သူ့စိတ်ထဲမှာပြန်ရှာပြီးဖြည်းဖြည်းချင်းပြန်ရေးရတော့သည်။

ယန်ယွီဟွေ့က ဒီစာမူတွေမြန်မြန်ရေးပြီးအောင် ညသန်းခေါင်အထိနေလိုက်သည်။

"ညသန်းခေါင်ရှိနေပြီကို မင်းက ငါတို့ကိုအိပ်ခွင့်မပေးသေးဘူး။ ကီးဘုတ်ပေါ်မှာစာရိုက်နေတာရပ်တော့။"

သူ့အခန်းဖော်က မကျေမနပ်ပြောလာသည်။ ကွန်ပျူတာဆီကအလင်းရောင်နဲ့ကီးဘုတ်ကထွက်လာတဲ့စာရိုက်သံတချောက်ချောက်က သူ့အခန်းဖော်တွေကို အတော်လေးဒေါသထွက်လာစေသည်။

ယန်ယွီဟွေ့ရဲ့မျက်နှာကပုတ်သိုးသွား၏။ သူ့မျက်နှာထက်မှာထင်ဟပ်နေတဲ့ကွန်ပျူတာအလင်းရောင်နဲ့ပေါင်းလိုက်တဲ့အခါ သူက အတော်လေးကြောက်ဖို့ကောင်းနေသည်။

ပထမတော့ သူ့တို့တွေကနှစ်ဘဝလုံးအခန်းဖော်တွေဖြစ်ခဲ့တာမို့ သူက သူစပြီးအောင်မြင်လာတဲ့အခါ သူတို့ကိုပါဆွဲခေါ်သွားချင်ခဲ့တာ။

ဒါပေမယ့် အခုတော့ ကြည့်ရတာ သူအတွေးလွန်သွားတယ်ထင်တယ်။ ဒီလူတွေက ကျေးဇူးကန်းတဲ့လူတွေပဲ။

အခုအချိန်မှာ ယန်ယွီဟွေ့က လူတိုင်းက သူ့ကိုမြှောက်ပင့်ဖားယားနေသင့်တာလို့တွေးနေ၏။ ဒီလူတွေက သူနဲ့ပေးအတူပူအမျှနေဖို့ဆန္ဒရှိရင် သူက သူတို့ကို သေချာပေါက်အကျိုးကျေးဇူးတွေအများကြီးပေးမှာ။

ဒါ့အပြင် ဒီလူတွေအားလုံးက ဖျော်ဖြေရေးလောကမှာကောင်းကောင်းအောင်မြင်ခဲ့ကြတာ။ သူတို့တစ်ယောက်ချင်းစီက သူတို့နာမည်တွေနဲ့ကိုယ်ပိုင်ရိုက်ကူးမှုတွေရှိတယ်။ သူက ဒီလူတွေကို သူ့လက်အောက်ငယ်သားတွေအဖြစ် သူ့လက်အောက်ခေါ်သွင်းချင်တာ၊ နောက်ပိုင်းမှာ သူက သူတို့ကို နည်းနည်းပိုကောင်းတဲ့ဇာတ်ညွှန်းတွေပေးပြီး သူတို့ကိုကျော်ကြားလာအောင်လုပ်ပေးမှာ။

ဒါပေမယ့် ဒီလူတွေက ဒါကိုလက်လွှတ်လိုက်ကြတယ်။

ယန်ယွီဟွေ့က သူ့ကွန်ပျူတာကိုပိတ်လိုက်ပြီးအံဆွဲထဲသော့ခတ်သိမ်းလိုက်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now