Chapter - 42

1.5K 274 18
                                    

Unicode

၁၆၅၀။ မကောင်းတဲ့ကိစ္စတွေသွားလုပ်တာ
__________________________

ညသန်းခေါင်ကြီး သူ ဒီမှာဘာလုပ်နေတာလဲ?

နဉ်ရှုက လီရှင်းကျယ်ဆီလျှောက်သွားကာမေးသည်။

"နင် ဘာလို့ဒီရောက်နေတာလဲ?"

လီရှင်းကျယ်က နဉ်ရှုကိုကျက်သရေရှိစွာကြည့်လာကာ ခပ်ပေါ့ပေါ့မေးလေ၏။

"ဒီလောက်နောက်ကျပြီး ဘယ်ကပြန်လာတာလဲ?"

နဉ်ရှု : ...

သူမ ဘယ်လိုပြောရမလဲ? သူမ မကောင်းတာတွေသွားလုပ်တာလို့ပြောလိုက်သင့်လား?

သူမက လီရှင်းကျယ်ကို အမှန်အတိုင်းပြောရင်တောင် သူက သူမကိုယုံပါ့မလား?

"ငါက မင်းဘယ်ကိုများဒီလောက်နောက်ကျတဲ့အထိသွားနေလဲဆိုတာသိချင်ရုံပါ။"

လီရှင်းကျယ်က နဉ်ရှုဆီလျှောက်လာပြီး သူမကိုယ်ကထွက်နေတဲ့အနံ့ကိုရသွားသည်။

"မင်း ဘာတွေသွားလုပ်တာလဲ? မင်းကိုယ်ပေါ်က ဒီအနံ့ကဘာနံ့လဲ?"

နဉ်ရှုက "ဝါး"ခနဲငိုကာ ချွေးတွေရွှဲနေပြီးအနံ့ဆိုးထွက်နေတဲ့ကိုယ်နဲ့ လီရှင်းကျယ်ရင်ခွင်ထဲပစ်ဝင်လိုက်ဟသည်။

လီရှင်းကျယ်မှာ အသက်ရှူကြပ်သွားသလိုခံစားလိုက်ရ၏။ အဆုံးမှာတော့ သူက သက်ပြင်းချကာ နဉ်ရှာကိုပြန်လည်ထွေးဖက်လာသည်။ သူကမေး၏။

"ဘာတွေများဖြစ်ခဲ့လို့လဲ?"

နဉ်ရှုက လီရှင်းကျယ်ရဲ့အင်္ကျီစကိုမကာ သူမမျက်ရည်တွေကိုသုတ်လိုက်သည်။

"ငါ့ကိုသတ်ချင်တဲ့လူတွေလိုက်ဖမ်းတာခံနေရတာ။"

နဉ်ရှုက နှပ်ညှစ်လိုက်သည်။

"ယန်ယွီဟွေ့က ငါ့လက်အကြောတွေထုတ်ပြီးလျှာဖြတ်ဖို့ လူဆိုးတွေငှားထားတယ်။ သူက ငါ့ကိုအဓမ္မအကျင့်ခံရပြီး အသတ်ခံရစေချင်တာ။"

"သူက ဘာလို့ မင်းကိုအဓမ္မကျင့်ပြီးမသတ်ခင် မင်းလက်ကောက်ဝတ်အကြောတွေကိုထုတ်ပြီးလျှာဖြတ်ချင်ရတာလဲ? သူက ဘာလို့ မင်းအပေါ် ဒီလောက်အားအကုန်ခံနေရတာလဲ?"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now