Chapter - 56

1.1K 173 7
                                    

Unicode

၁၆၆၄။ ချစ်တာဟာလည်းခံစားချက်တစ်မျိုး
_________________________

ဖန်းမုန့်ဟန်က သူမရဲ့နာမည်ကြီးပစ္စည်းတွေအကြောင်းမပြောချင်တာမို့ နဉ်ရှုကိုမေးလာသည်။

"အခုတော့ နင့်ကောင်လေးက ကျောင်းတောင်မလာတော့ဘူးပေါ့၊ သူကဖြင့် ဂျူနီယာနှစ်ပဲရှိသေးတဲ့ဟာ။"

နဉ်ရှုကပြန်မေးသည်။

"ယန်ယွီဟွေ့ ဘာလို့ကျောင်းမလာတာလဲ? သူကဖြင့် ဒုတိယနှစ်ရှိသေးတယ်။"

"နင်နဲ့စကားပြောရတာ အဓိပ္ပာယ်မရှိလိုက်တာ။"

ဖန်းမုန့်ဟန်က သူမရဲ့အိတ်ကိုယူကာ အတန်းသွားတက်သည်။

နဉ်ရှု နည်းနည်းဆွံ့အသွားရသည်။ အခု သူမ ယန်ယွီဟွေ့ကို ဘယ်နားသွားရှာရတော့မှာတုန်း?

နဉ်ရှုက သူမရဲ့စာအုပ်တွေကိုယူကာ အတန်းသွားတက်သည်။ ဘာပဲဖြစ်ဖြစ်၊ အခု သူမ ဇာတ်ညွှန်းတွေရေးစရာမလိုဘဲ ကောလိပ်ကျောင်းသားဘဝကို ပျော်ပျော်ကြီးခံစားလို့ရပြီ။

ဒါပေါ့၊ ရည်းစားမရှိရင်ပိုကောင်းမှာ။ လီရှင်းကျယ်ဆီ နေ့တိုင်းစာပို့ဖုန်းဆက်လုပ်ရတာက ပျင်းစရာကြီး။

သူမ ယန်ယွီဟွေ့ကို မြန်မြန်ရှာတွေ့ချင်တယ်၊ ဒါမှ သူမ ဒီကမ္ဘာက မြန်မြန်ထွက်သွားလို့ရမှာ။

ဒီအတိုင်းသာဆက်သွားရင် သူမ လီရှင်းကျယ်နဲ့လမ်းခွဲရလောက်တယ်။

လူတွေက အချစ်ကိုအရမ်းခံစားတတ်ကြတာ။ သူတို့ရဲ့လက်တွဲဖော်က သူတို့ကိုချစ်လားမချစ်ဘူးလားဆိုတာ သူတို့ ကောင်းကောင်းခံစားနိုင်တယ်။

ချစ်တာကလည်းခံစားချက်တစ်မျိုးပဲ။ ဝိဉာဉ်ချင်းတွယ်ယှက်နေတဲ့ခံစားချက်မျိုး။

အိုင်း~~~~

သူမ မသွားခင် လီရှင်းကျယ် သူမနဲ့လမ်းမခွဲဖို့ပဲ သူမမျှော်လင့်တယ်။

နဉ်ရှုက 2333ကိုမေးသည်။

"နင် ယန်ယွီဟွေ့ရဲ့တည်နေရာကိုရှာလို့ရလား?"

"မရဘူး။"

2333ကချက်ချင်းပြောသည်။

"ဒါဆို နင် ဘာအသုံးကျသေးလဲ?"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now