[Unicode]
အခန်း ၈၀၅ သဘောကျတာလား? ပိုင်ဆိုင်ချင်ရုံလား?အခြေအနေကတော့ ကျီမိသားစုဘက်မှနေပြီး လင်ရှောင်းထင်လာရာ တိုင်းပြည်မှစစ်တပ်နှင့် ပူပေါင်းဆောင်ရွက်မှုတွင် ပိုမိုဖြည့်စည်းထောက်ပံ့ပေးရန်ဖြစ်သည်။
ကျီရှောက်မင် ခဏတာသာတုံ့ဆိုင်းမိလိုက်သည်။ ဒါက ဆိုးရွားသည့်အပေးအယူမျိုးလဲမဟုတ်သလို သူတို့ဘက်က အမြတ်များစွာရမည့်အရေးလဲမဟုတ်ပေ။ သို့ပေမည့် လက်ရှိတွင် သူ့အဖေက အသက်အန္တရာယ်ရှိနေတာကြောင့် ကျီရှောက်မင်လဲ သူ့အဖေကို ကယ်တင်ဖို့ရန်အတွက် ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။ လင်ရှောင်းထင်သာ သူ့အဖေကို ကုသပေးနိုင်သွားတာ မဟုတ်လဲ အနည်းဆုံးတော့ သူ့အဖေအခြေအနေ ဒီထက်ပိုမဆိုးလာဘူးဆိုလျှင်ကို အကောင်းဆုံးဖြစ်နေပေပြီ။
သူ့အဖေသာ သေဆုံးသွားခဲ့လျှင် လင်ရှောင်းထင်က သူတာဝန်ယူမည်ဟုလဲ အာမခံထားပေသည်။
ဒါကြောင့်ပဲ တခြားလူများအမြင်တွင် ဤကမ်းလှမ်းချက်မှာ လင်ရှောင်းထင်အတွက် အန္တရာယ်များလွန်းပေမည့် လင်ရှောင်းထင်ကတော့ ကုနင်းကိုယုံကြည်တာကြောင့် ကုသနိုင်မည်ဟု ယုံကြည်ချက်ရှိလို့နေသည်။ လင်ရှောင်းထင်က ကျီမိသားစုခေါင်းဆောင်ကို ကုနင်း၏အထူးဆေးဖြင့် ကယ်တင်ဖို့ကြံရွယ်ထားခြင်းဖြစ်သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများထွက်သွားကာမှ လင်ရှောင်းထင် ဆေးပုလင်းငယ်လေးတစ်ခုကို ထုတ်ယူကာ ကျီရှောက်မင်ဆီသို့ ကမ်းပေးလိုက်သည်။ “ဒီထဲမှ ဆေးသုံးလုံးရှိတယ်။ သုံးရက်နေရင် တစ်လုံးစီတိုက်ပေး၊ အခုလဲ တစ်လုံးတိုက်လိုက်ဦး။”
“ကောင်းပြီ။”
ကျီရှောက်မင် ဆေးပုလင်းကို ယူလိုက်ကာ လူနာကုတင်နားသို့သွားလိုက်သည်။ ထို့နောက် သူ့အဖေ၏မျက်နှာပေါ်မှ အောက်ဆီဂျင်ပိုက်ကို ဖြုတ်ကာ ဆေးတစ်လုံးထုတ်ပြီး ချက်ချင်းပင် သူ့အဖေ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
လင်ရှောင်းထင်နှင့်သဘောတူညီမှုယူပြီးကတည်းက လင်ရှောင်းထင်ကိုသာ ယုံကြည်ထားလို့ဖို့ စိတ်ကူးပြီးသားဖြစ်သည်။ သူ့အဖေ၏အသက်ကို အလေးထားပေမည့် လင်ရှောင်းထင်ကိုလဲ ယုံကြည်ပေသည်။