[Unicode]
အခန်း ၉၀၄ ကျွမ်းကျင်လောင်းကစားသမားများစုဝေးနောက်တစ်နေ့မနက်မှာတော့ ဂုဏ်ပြုနေ့လည်စာစားပွဲတက်ရောက်ရန်အတွက် ဟဲမိသားစုအိမ်သို့ ကုနင်းနှင့်လင်ရှောင်းထင်တို့ သွားရောက်ခဲ့ကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာသည်နှင့် ဟဲဟုန်ကျဲ့က နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ရင်း ကုနင်းကိုလဲ အကြိမ်ပေါင်းမနည်း စိတ်အားထက်သန်စွာ ကျေးဇူးတင်စကားပြောနေခဲ့သည်။ ကုနင်း ဟဲမိသားစုအတွက် လုပ်ပေးခဲ့သည့်ကိစ္စတိုင်းအတွက် အလွန်ကျေးဇူးတင်နေခြင်းဖြစ်သည်။
အခုထိတော့ အံ့စာနံပါတ်အတိအကျထိ ပြန်မကြားနိုင်သေးသော်လည်း အရင်ထက်တော့ ဟဲဟုန်ကျဲ့၏အကြားစွမ်းရည်က ပိုကောင်းလာခဲ့သည်။ သူ့အကြားစွမ်းရည် နဂိုအတိုင်းအပြည့်အဝပြန်ကောင်းလာဖို့အထိတော့ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ကုနင်းသူ့ကိုပေးသောဆေးကို သောက်ပြီးနောက်မှာတော့ သူ့အကြားစွမ်းရည်က အရင်လိုပြန်ကောင်းလာမလား အဲ့ထက်တောင်ပိုကောင်းလာမလား မမှန်းတတ်တော့ပေ။
မှော်စွမ်းအင်သလင်းကျောက်ဆိုတာက သာမာန်ဆေးတစ်မျိုးမှမဟုတ်ဘဲ။
ထို့နောက် လောင်းကစားလောကမှ ကျွမ်းကျင်လောင်းကစားသမားပေါင်းများစွာက ကုနင်းနှင့် လောင်းကစားလုပ်ဖို့ စိတ်ဝင်စားနေကြောင်း ဟဲဟုန်ကျဲ့ပြောပြခဲ့သည်။
ဟဲဟုန်ကျဲ့အမြင်မှာတော့ ကုနင်းကို Mမြို့လောင်းကစားဘုရင်ကိုယ်တိုင် ဖိတ်ခေါ်ထားပြီးမှတော့ တခြားသူများနှင့် လောင်းကစားလုပ်နေစရာမလိုတော့ဘူးဟု တွေးမိသည်။
ထိုကျွမ်းကျင်လောင်းကစားသမားများကလဲ လောင်းကစားလောကတွင် Mမြို့လောင်းကစားဘုရင်လိုမျိုး ကျော်ကြားကြပေမည့် သူတို့ကျွမ်းကျင်ရာ လောင်းကစားနည်းများကတော့ မတူကြပေ။
ဘာပဲဖြစ်ဖြစ် ဒါတွေက ဟဲဟုန်ကျဲ့အတွေးသာဖြစ်ပြီး ကုနင်း၏စိတ်ကူးမဟုတ်ပေ။
ကုနင်းကတော့ ဒါက ငွေရှာဖို့အခွင့်အလမ်းကောင်းကြီးဟုတွေးမတာကြောင့် ထိုလူများကို မငြင်းချင်ပေ။ ဘာပဲဖြစ်ဖြစ် သူမလဲ Mမြို့ကိုသွားရမည်ဖြစ်တာကြောင့် တခြားကျွမ်းကျင်လောင်းကစားသမားများနှင့်လဲ ထိုနေရာတွင်သာ တွေ့လိုက်နိုင်သည်။