[Unicode]
အခန်း ၉၃၂ ဖန်းရှီရွှမ်၏မိဘများ“ ‘နန်းတော်’ရဲ့ဒါရိုက်တာတောင် ဖန်းရှီရွှမ်က ဇာတ်လိုက်နေရာအတွက် ရွေးချယ်မှုကြောင်းလို့ထင်ခဲ့ပေမယ့် အစမ်းသရုပ်ဆောင်ပွဲပြီးတဲ့နောက် ထန်ရှောင်ရှောင်ကိုရွေးလိုက်သေးတာပဲ။ ဒါကြောင့်မို့ ဖန်းရှီရွှမ်က ဇာတ်လမ်းမှာ ဇာတ်ပို့နေရာဖြစ်သွားခဲ့တာပါ။”
“အစမ်းသရုပ်ဆောင်ပွဲမှာ ဇာတ်ကောင်နေရာတွေအတွက် သရုပ်ဆောင်အချင်းချင်းယှဉ်ပြိုင်တယ်ဆိုတာက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ ငါက စီးပွားရေးသမားတစ်ယောက်ပါ။ ဒါကြောင့် အကျိုးအမြတ်ကသာ အဓိကပဲ။ ငါ့မျက်လုံးထဲမှာတော့ ထန်ရှောင်ရှောင်က ဖန်းရှီရွှမ်ထက် သာလွန်တဲ့ရွေးချယ်မှုဆိုတာ အသိသာကြီးပဲ။ ဖန်းရှီရွှမ် ထန်ရှောင်ရှောင်ကို ထိခိုက်အောင်ကြံစည်တယ်ဆိုတာကတော့ သူ့ကိုယ်ရေးကိုယ်တာလုပ်ရပ်တစ်ခုပါ။ သူအလုပ်လုပ်နေတဲ့ကုမ္ပဏီနဲ့ရော ငါနဲ့ပါဘာမှသက်ဆိုင်မှုမရှိပါဘူး။”
ခန်ယန်ဟန်၏Weiboတွင် လူအများကြီးမရှိဘူးဆိုသော်လည်း ကောလဟာလများထွက်ပြီးကတည်းက အင်တာနက်အသုံးပြုသူများစွာက သူ့အကောင့်ကိုစောင့်ကြည့်နေကြတာဖြစ်သည်။ ဒါကြောင့် သူ့ထုတ်ပြန်ချက်ထွက်လာသည်နှင့် လူပေါင်းများစွာက သတင်းကိုပြန်တင်ကြသလို မှတ်ချက်များလဲရေးမှတ်ခဲ့ကြသည်။ သို့ပေမည့် အများစုကတော့ အမှန်တရားကိုထုတ်ဖော်တာက အရမ်းနောက်ကျလွန်းနေတာကြောင့် သူ့ဖြေရှင်းချက်ကိုမယုံကြည်ကြတော့ပေ။
ခန်ယန်ဟန်က သူ့သတင်းကိုရှင်းလင်းပစ်ချင်တာကြောင့် အင်တာနက်ရေတပ်များစွာကိုတောင် ငှားထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ခန်ယန်ဟန်မှာလဲ သူ့ရဲ့အင်အားကြီးနောက်ခံမိသားစုအထောက်အပံ့ရှိတာကြောင့် ကုနင်းလဲ သူ့ကိုတိုက်ခိုက်ဖို့ စိတ်ကူးမရှိထားပေ။ သူ့ဖြေရှင်းချက်ကြီးက အလိမ်အညာတွေမှန်းသိသာနေတာတောင်မှ သူကတော့ အပြစ်ကလွတ်သွားပေပြီ။
ဖျော်ဖြေရေးလောက်ကတွင် သတင်းအသစ်ပေါင်းများစွာက စဉ်ဆက်မပြတ်ထွက်ပေါ်နေတာကြောင့် ကောလဟာလကလဲ တခြားသတင်းများနှင့် အလွတ်တကူအစားထိုးသွားနိုင်သည်။ ထို့အပြင် ခန်ယန်ဟန်က ထန်ရှောင်ရှောင်ကိုထိခိုက်အောင် တိုက်ရိုက်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိဘဲ ထိုလုပ်ကြံမှုတွင် ဖန်းရှီရွှမ်ကသာ တာဝန်ရှိသူဖြစ်သည်။