[Unicode]
အခန်း ၈၈၉ ဟဲရှီယန် ဘယ်မှာလဲ?ဟဲဟုန်ယွမ်နှင့် ဖန်းကျီဟောက်တို့ကတော့ ကာစီနိုမှထွက်လာသည်နှင့် လမ်းခွဲလိုက်ကြသည်။ ဖန်းကျီဟောက်မှာ ယနေ့ဆိုးဆိုးရွားရွား ရှုံးသွားသည့်အတွက် လွန်စွာရှက်နေမိသည်။
“အဖေ၊ သမီးတို့ အခုဘာဆက်လုပ်ကြမလဲ?” ဟဲယီရှီ ကူကယ်ရာမဲ့စွာမေးလိုက်မိသည်။
ဟဲဟုန်ယွမ်သည်လဲ ဘာလုပ်လို့လုပ်ရမှန်း မသိတာကြောင့် စိတ်အခြေအနေမကောင်းဘဲ တိတ်ဆိတ်လို့နေသည်။
ရုတ်တရက်ဆိုသလို ဟဲယီရှီ အကြံတစ်ခုရသွားကာ “အဖေ၊ သမီးတို့ ဦးလေးဟုန်ကျဲ့ကို ခြိမ်းခြောက်ဖို့အတွက် ဟဲရှီယန်ကိုသုံးကြရင်ရော?”
ထိုစကားကြောင့် ဟဲဟုန်ယွမ် ဒေါသတောင်ထွက်လာတော့သည်။ “ငါလဲ လုပ်ချင်တာပေါ့! ဟဲရှီယန်က မနေ့ကဘဲ လွတ်သွားတယ်၊ အခု သူ့ကို နေရာအနှံ့လိုက်ရှာနေရတာ။”
“ဘာ? သူလွတ်သွားတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ဟဲယီရှီ အလွန်ထိတ်လန့်သွားတော့သည်။
ဟဲရှီယန် လွတ်သွားပြီဆိုရင် သူတို့မှာ ဟဲမိသားစုကို ထိန်းချုပ်ဖို့ ဘာဝှက်ဖဲမှမရှိတော့ဘူးပေါ့။
သူတို့ ဘဲမိသားစုနောက်ကွယ်မှာ ဒီလိုတွေလုပ်ထားပြီးမှတော့ ဟဲမိသားစုက သူတို့ကိုလွှတ်ပေးစရာအကြောင်း လုံးဝမရှိတော့ပေ။
“သူလွတ်သွားတယ်ဆိုပေမယ့် ကျွန်းပေါ်မှာပဲ ရှိနေဦးမယ်။ ငါတို့ မြန်မြန်ပြန် ဖမ်းနိုင်မှာပါ။”
ကျွန်းသည် အဓိကကုန်းမြေနှင့် အလွန်ဝေးတာကြောင့် ဘယ်လောက်ပဲ ရေကူးကျွမ်းကျင်တဲ့လူဖြစ်ဖြစ် ကျွန်းကနေ ထွက်မသွားနိုင်ပေ။ ထို့ကြောင့် ဟဲရှီယန် သူ့ကိုဖမ်းထားသည့်နေရာမှ လွတ်သွားနိုင်လျှင်တောင်မှ ကျွန်းပေါ်မှာ ပိတ်မိနေဦးမှာပင်။
လက်ရှိပြဿနာကတော့ ကျွန်းသည် အလွန်ကြီးတာကြောင့် ကောင်းစွာပုန်းနေသည့် လူတစ်ယောက်ကိုရှာဖို့ရာ အလွန်ခက်ခဲလှသည်။ ဟဲမိသားစုက မျက်စိဒေါက်ထောက်ကြည့်နေပြီဖြစ်တာကြောင့် ဟဲဟုန်ယွမ်အနေဖြင့် လူထပ်လွှတ်ဖို့ကလဲ မဖြစ်နိုင်တော့ပေ။ သူတစ်ခုခုလှုပ်ရှားလိုက်တာနဲ့ ဟဲမိသားစုက မိသွားမှာဖြစ်သည်။ ဟဲမိသားစုသာ ဟဲရှီယန်ကို ရှာတွေ့သွားသည်နှင့် သူ့ရဲ့ကောင်းမွန်လှသောနေ့ရက်များကလဲ ဆုံးခန်းတိုင်သွားပေလိမ့်မည်။