[Unicode]
အခန်း ၉၁၂ ဝမ်ပေါင်ကျားနှစ်ဖက်လုံး ပြောဆိုနေသည့်အရှိန်က ဘယ်လောက်ပဲ မြင့်လာပါစေ ကြားဝင်ပေးသည့်လူတစ်ယောက်မှမရှိပေ။ စားသောက်ဆိုင်ပိုင်ရှင်တောင်မှပဲ အေးစက်စက်မျက်နှာထားနှင့်ဘေးထွက်ကာ ကြည့်နေသည်။
မြို့ခံအုပ်စုဘက်က ပိုပိုပြီးတရားလွန်လာချိန်မှာတော့ ကုနင်းရော လင်ရှောင်းထင်ပါ ဒေါသထွက်လာမိတော့သည်။ လင်ရှောင်းထင်လို နိုင်ငံအတွက်တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ယောက်အနေနဲ့ ဒီလိုနိုင်ငံအပေါ်အရှက်ခွဲနေမှုမျိုးကို ဘယ်လိုမှသည်းခံမပေးနိုင်ပေ။
ထိုအချိန်မှာပဲ မြို့ခံငါးယောက်က စုဝေးလိုက်ကာ လာရောက်လည်ပတ်သူဘက်မှသုံးယောက်ကို ရိုက်နှက်ဖို့ပြင်လာကြသည်။ သူတို့သာ တကယ်ပဲ ခိုက်ရန်ဖြစ်ပွားကြမည်ဆိုလျှင် လည်ပတ်သူများဘက်က အနိုင်ရနိုင်ချေလုံးဝမရှိပေ။ သို့သော်လည်း လည်ပတ်သူသုံးယောက်ဘက်လဲ အလျှော့ပေးမည့်အရိပ်အယောင်မရှိပေ။ ဒါက သူတို့နိုင်ငံဂုဏ်သိက္ခာနဲ့သက်ဆိုင်သည်ပဲ။
ထိုပုံစံကြောင့် ကုနင်း သူမခြေထောက်ကိုဆန့်ထုတ်ကာ ကျန်လူများကိုဦးဆောင်နေသည့် မြို့ခံအဖွဲ့ခေါင်းဆောင်ကို ပိတ်ကန်ပစ်လိုက်သည်။
ရုတ်တရက်အခြေအနေကြောင့် ထိုလူလဲ ကြောင်အက ပစ်လဲသွားတော့သည်။ အဆိုးဆုံးကတော့ သူလဲကျချိန်မှာ သူ့နောက်မှနှစ်ယောက်ကိုပါ တိုက်မိသွားပြီး အားလုံးအတုံးအရုန်းလဲကျသွားခြင်းပင်။
ချက်ချင်းဆိုသလို အော်ဟစ်သံများထွက်ပေါ်လာကာ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားတော့သည်။
ဖြစ်ပျက်သွားသည့်အခြေအနေက အလွန်မြန်ဆန်တာကြောင့် လူတိုင်းအံ့အားသင့်ကာကျနေခဲ့တော့သည်။
ကုနင်းကြောင့် ဤသို့ဖြစ်သွားမှန်း သိလိုက်ကြချိန်မှာတော့ မြို့ခံအဖွဲ့မှာဒေါသထွက်သွားကာ၊ “မင်းဘာလုပ်တာလဲ?”
ထိုအခါမှပဲ ကုနင်းလဲ သူမ၏အပေါင်းအဖော်များနှင့်အတူ မတ်တပ်ထလာတော့သည်။ သူမတို့က ဒေါသထွက်နေသည့်မြို့ခံအဖွဲ့နှင့်မျက်နှာချင်းဆိုင် တန်းစီရပ်လိုက်ကြသည်။