အခန်း ၈၃၀ နောက်တစ်ယောက်နဲ့အိပ်ခဲ့တာလား?

1.5K 141 0
                                    

[Unicode]
အခန်း ၈၃၀ နောက်တစ်ယောက်နဲ့အိပ်ခဲ့တာလား?

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် အခုထိတော့ ခြိမ်းခြောက်နိုင်စွမ်းကြီးမားသည့် အိမ်ခြံမြေလုပ်ငန်းကြီးတစ်ခုမဖြစ်သေးသော်လည်း ၎င်း၏တိုးတက်လာနှုန်းကတော့ ခြိမ်းခြောက်နိုင်ဖို့ရန် လုံလောက်နေပသည်။ ထိုသို့ဆိုလျှင်တောင်မှ ဤလုပ်ငန်းနယ်ပယထဲမှ အချို့သောမောက်မာသူများကတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် တိုးတက်မှုမြန်ဆန်တာကြောင့် အခြေမခိုင်ဘူးဟု တွေးမိကာ အထင်သေးနေကြတုန်းပင်။

ထို့ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ကျရှုံးသွားမည့်အဖြစ်မျိုးကို တွေ့ရမည်အားစောင့်မျှော်နေကြသည်။ လုပ်ငန်းတူသူဆိုသည်က ပြိုင်ဘက်တွေပဲမဟုတ်လား။ အခြေမခိုင်ဘဲ ချဲ့ထွင်မှုများလွန်းသည့် ကုမ္ပဏီတစ်ခုသည် ကျရှုံးနိုင်သည်က အမှန်တရားပင်ဖြစ်ပေမည့် ပိုင်ရှင်၏အရည်အချင်းကလဲ မပြည့်ဝမှသာလျှင် ထိုသို့ဖြစ်လာမည်သာ။

ထို့အတွက်ကြောင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ကျဆုံးခြင်းကို မြင်ချင်နေကြသူများမှာ ကုနင်း၏ သူမကုမ္ပဏီများကို ကောင်းမွန်စွာအုပ်ချုပ်နိုင်စွမ်းကြောင့် စိတ်ပျက်သွားကြရပေတော့မည်။ ကုနင်းသည် သူမ,မသေမချင်း သူမကုမ္ပဏီများကို ကျရှုံးသွားခွင့်ပေးလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူမတွင် မှော်စွမ်းအင်ရှိနေတာကြောင့် အလွယ်တကူသေသွားမည့်လူစားမျိုးလဲမဟုတ်ပေ။

သတင်းထောက်များစွာက သရဲခြောက်သည့်မြေနေရာကို ဝယ်သွားသည့်သတင်းကို ကြားခဲ့တာကြောင့် အန်းကွမ်းယောင်ကို အင်တာဗျူးဖို့ရန် ရောက်လာကြသည်။ အန်းကွမ်းယောင်ကလဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအတွက် လူထုအာရုံစိုက်မှုရနိုင်မည့် အခွင့်အရေးဖြစ်မှန်း သိတာကြောင့် ငြင်းဆန်ခြင်းမပြုပေ။

သတင်းထောက် : ဥက္ကဌအန်း၊ ဒီမြေနေရာကိုမဝယ်ခင် သေချာကောလေ့လာခဲ့ပါရဲ့လား?

အန်းကွမ်းယောင် : ဒါပေါ့၊ ကျွန်တော်လေ့လာခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်က ကောလဟာလတွေကို မယုံဘူးလေ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုတာ အရမ်းအန္တရာယ်များပြီး မတော်တဆမှုလဲဖြစ်နိုင်တယ်ဆိုတာ လူတိုင်းနားလည်ထားတဲ့ကိစ္စပဲ၊ ဒါနဲ့ပဲ ဒီမြေက သရဲခြောက်နေပါတယ်လို့ မဆိုလိုဘူးလေ။

ဖီးနစ်သွေးစက် Book 5Donde viven las historias. Descúbrelo ahora