[Unicode]
အခန်း ၉၀၃ ဟဲဟုန်ယွမ်ကို ဖမ်းဆီးအရင်ကတော့ ဟဲရှီယန်ကို ဟဲဟုန်ယွမ်က ဖမ်းထားတာကြောင့် ဟဲဟုန်ကျဲ့လဲ ဟဲဟုန်ယွမ်၏ပိုင်နက်ထဲသို့ ခြေမချရဲခဲ့ပေ။ သို့ပေမည့် အခုချိန်မှာတော့ အရာအားလုံးကွဲပြားသွားပြီဖြစ်သည်။
“ဟဲဟုန်ကျဲ့၊ မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ?” ဟဲဟုန်ယွမ်ကစကာ ဟဲဟုန်ကျဲ့ကို မေးခွန်းထုတ်လိုက်သည်။
“ငါဘာလာလုပ်တယ်လို့များထင်လဲ?” ဟဲဟုန်ကျဲ့ကလဲ အေးစက်စက်မျက်နှာထားဖြင့် ပြန်လည်စိုက်ကြည့်နေသည်။
“မင်းဘာကြောင့်လာမှန်း ငါကဘယ်လိုလုပ်သိမှာလဲ?”
“ဟဲဟုန်ယွမ်၊ မင်းရှီယန်ကို ပြန်ပေးဆွဲတာရော ငါ့အကြားအာရုံထိခိုက်အောင်ရော ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လား!”
ဟဲဟုန်ယွမ် မျက်မှောင်တို့ကိုကြုတ်လိုက်ကာ ပြန်လည်ငြင်းဆန်ခဲ့သည်။ “ငါလုပ်ပါတယ်ဆိုတဲ့ သက်သေမင်းမှာရှိလို့လား?”
“ငါ့မှာတော့ မရှိပါဘူး ဒါပေမယ့် မင်းမှန်း ငါသိတယ်လေ။”
“အပြောတွေကတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းမှာ သက်သေမရှိဘူးဆိုမှတော့ ဒါက အသရေဖျက်စွပ်စွဲနေတာပဲနော်။”
“တကယ်လား?” ဟဲဟုန်ကျဲ့ နှာခေါင်းရှုံ့လိုက်ကာ၊ “ငါ့မိသားစုကို ထိခိုက်အောင် မင်းအလုံးစုံလုပ်ခဲ့မှန်း ငါသိနေမှတော့ မင်းသေချာပေါက် အဲ့ဒီအတွက် ပြန်ပေးဆပ်ရမယ်။ သက်သေတွေဘာတွေ ငါဂရုစိုက်မနေဘူး။”
“မင်း….” ဟဲဟုန်ယွမ် ဒေါသထွက်လာတော့သည်။ “ဟဲဟုန်ကျဲ့၊ မင်းမှာသက်သေလဲမရှိဘူး၊ ငါ့ကိုထိခိုက်အောင်လုပ်ရင် ဥပဒေနဲ့မလွတ်ကင်းတဲ့အပြုအမူဖြစ်သွားမယ်။”
ဟဲဟုန်ကျဲ့မှာ သက်သေလုံးဝမရှိလို့ ဟဲဟုန်ယွမ်ယုံကြည်နေတာကြောင့် ထိုသို့ပြောနေခြင်းဖြစ်သည်။
“အဲ့ဒါတွေ ဂရုစိုက်မနေဘူး!” ဟဲဟုန်ကျဲ့ ထပ်ပြီးနှာခေါင်းရှုံ့လိုက်ပြန်ကာ အမိန့်တစ်ခုကိုပါ တစ်ဆက်တည်းပေးလိုက်သည်။ “ဟဲမိသားစုရဲ့ဘိုးဘွားပိုင်အမွေအနှစ်ကိုပြန်ယူကြ!”