[Unicode]
အခန်း ၉၁၅ ထပ်မံရေငုပ်ခြင်းလင်ရှောင်းထင်၏ဒေါသနှင့်ကြုံလိုက်ရချိန်တွင် ယဲ့ကျားရှင်းတောင်မှ မသက်မသာခံစားသွားရသည်။ လင်ရှောင်းထင်ဆိုသူကတော့ ယောက်ျားတစ်ယောက်၏စွမ်းအားအပြည့်ဖြင့် မွေးဖွားလာသူပင်။
ထို့နောက် သူက ကျီမန့်လင်းကို လျစ်လျူရှုကာ ကုနင်း၏လက်ကို ဆွဲပြီး တံခါးရှိရာသို့လျှောက်သွားသည်။ ကောင်းယိနှင့်ချောင်ယသည်လဲ နောက်မှလိုက်ပါသွားခဲ့သည်။ ထိုအခါမှ ယဲ့ကျားရှန်းလဲ နောက်မှအမြန်လိုက်သွားတော့သည်။
ကျီမန့်လင်းကတော့ ကုနင်းတို့ထွက်သွားပြီးသည်အထိ အသိစိတ်ပြန်မကပ်ခဲ့ပေ။ သူမက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေမိသည်။
အနားရှိလူများကလဲ သူမကို စတင်ပြစ်တင်လာကြတော့သည်။
“တကယ်ကိုအရှက်မရှိတာပဲ!”
“တစ်ဖက်မိန်းကလေးရှေ့မှာတင် သူများချစ်သူကို စနိုက်ကြော်ဖို့ ဘယ်လိုတောင် တွေးရဲတာလဲပဲ?”
“သူ့ကိုယ်သူတောင် သေချာမသိဘူးပဲ။ ဟိုမိန်းကလေးထက် သူကပဲ ပိုလှတယ်များ ထင်နေလိုက်သေးတယ်။”
“ဟုတ်ပါ့။”
“ကိုယ့်သိက္ခာကိုထိန်းရမယ်ဆိုတဲ့ အခြေခံအသိအမြင်တောင်မရှိဘူးပဲ။”
“ဟိုကိုလူချောက သူ့ကိုတစ်ချက်လေးတောင် မကြည့်သွားဘူး။”
“သူ ဒီလောက်လွယ်တဲ့မိန်းမဖြစ်နေရင် အရင်ကလဲ ယောက်ျားပေါင်းများစွာနဲ့ အိပ်ဖူးလောက်တယ်။”
“ရွံစရာကောင်းလိုက်တာ။”
…….
လူအများ၏ဆွေးနွေးပြောဆိုနေသံများက ကျီမန့်လင်းကို ဒေါသထွက်လာခဲ့ပေမည့် ထိုလူများကို ပြန်လည်ချေပဖို့ အင်အားမရှိခဲ့ပေ။
အခုထိလဲ သူမလုပ်ရပ်က မှားသည်ဟု မထင်ခဲ့ပေ။ သူမက သူမအချစ်ရှိရာကို လက်လှမ်းချင်သူသာဖြစ်ပြီး သူမအမှားမှမဟုတ်ဘဲ။ ဒီလိုပါပဲ တစ်ကိုယ်ကောင်းဆန်သည့် လူတွေကတော့ သူ့တို့အမြင်ကို လွယ်လွယ်ပြောင်းလဲတတ်ကြသူတွေ မဟုတ်ပါဘူး။