[Unicode]
အခန်း ၉၅၄ အပျော်စီးလှေ“ဒီလိုဆိုမှတော့ ကောင်းပါပြီ။” ကုနင်း၏စကားကို ကုချင်းရှီသဘောတူလိုက်ပြီးနောက် Lamborghiniအနောက်ဘက်မှ ကားရှိရာသို့ထွက်သွားတော့သည်။
ကားထဲမှာတော့ ကုမန့်၊ ကုချင်နှင့်ဝမ်ယွီလန်တို့က စကားဖောင်ဖွဲ့နှင့်နေပေပြီ။
ကုချင်ရော ဝမ်ယွီလန်ပါ ထန်ယွင်ဖန်း၏မိသားစုနောက်ခံအကြောင်း မသိကြသေးပေ။ ကုမန့်က ထန်ယွင်ဖန်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းလောက်ကိုသာ ပြောပြထားပြီး အသေးစိတ်အကြောင်းအရာများကိုတော့ မပြောထားသေးပေ။
သူတို့ ဟွားဖုတောင်ကုန်းသို့ရောက်ရှိသွားချိန်မှာတော့ ကုနင်း၏လှပသောနေအိမ်ကြောင့် ထပ်မံအံ့အားသင့်ကြရပြန်သည်။
Bမြို့ရှိအိမ်ဈေးနှုန်းများသည် ပုံမှန်ထက်ဈေးပိုမြင့်မှန်း သူတို့လဲအခြေခံအသိရှိကြတာကြောင့် ဒီလိုမြို့လယ်ခေါင်မှအိမ်ကြီးအိမ်ကောင်းများသာဆိုလျှင် ယွမ်ဆယ်သန်းကျော်တန်ကြေးရှိမည်မှန်း ခန့်မှန်းမိကြသည်။
ကုနင်း၏အမြင်မှာတော့ အိမ်ဈေးကသိပ်မမြင့်လောက်သော်လည်း သူတို့သည်တော့ လွန်စွာအံ့အားသင့်နေကြရစဲပင်။
ကုနင်းက သူတို့ကိုလမ်းပြခေါ်ဆောင်သွားကာ အခန်းများစီစဉ်ပေးသည်။
ကျန်းရှုက တစ်ယောက်တည်းနေကာ ကုချင်းယန်နှင့်ကုချင်းရှီသည်တော့ ဒုတိယထပ်မှာ တစ်ခန်းမျှသုံးသည်။ ကုချင်နှင့်ကျန်းရှင်းရွှယ်သည်လဲ တစ်ခန်းမျှသုံးတာကြောင့် ဝမ်ယွီလန်နှင့်ကုယင်ယင်သည်လဲ အလားတူပင်။ ကုမန့်နှင့်ကုနင်းသည်တော့ သူတို့ကိုယ်ပိုင်အခန်းမှာသာ အိပ်ကြသည်။
အခုတော့ ကုနင်း၏ကြီးမားလှသောအိမ်ကြီးမှအခန်းများသည် ပြည့်သွားပြီဖြစ်တာကြောင့် ကောင်းယိနှင့်ချောင်ယတို့ကို အပြင်မှာရက်ပိုင်းလောက်နေ,နေဖို့ ကုနင်းလှမ်းပြောရသည်။ သူတို့အတွက်တစ်ခါတည်း အားလပ်ချိန်ပါရသွားခြင်းပင်။
ကုနင်းက သူမဆွေမျိုးများကို အရင်ဆုံးခဏတာအနားယူထားဖို့ပြောလိုက်သည်။ သူမတို့လျှောက်မလည်ခင်တော့ အတူတူညစာစားပေဦးမည်။