[Unicode]
အခန်း ၈၄၉ နောက်ဆုံးပွဲမနက်၈နာရီတွင် ကုနင်းနိုးလာခဲ့ကာ ၉နာရီလောက်တွင်တော့ လင်ရှောင်းထင်က သူမကို ကောင်းကင်ပြာဟိုတယ်သို့ လိုက်ပို့ပေးသည်။
လင်ရှောင်းထင်၏ လေယာဉ်ချိန်က ၁၁နာရီတွင်ဖြစ်တာကြောင့် ကုနင်းကို ကောင်းကင်ပြာဟိုတယ်သို့ပို့ပြီးသည်နှင့် ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ကို ဆက်သွယ်လိုက်သည်။
ကောင်းကင်ပြာဟိုတယ်ဧည့်ခန်းမကတော့ ပုံမှန်အတိုင်း လူထူနေသည်။ ကျောင်းသားများစွာက ပြိုင်ပွဲတွင် ကျရှုံးသွားခဲ့ကြပြီဆိုသော်လည်း ပရိသတ်အဖြစ်ဆက်လက်နေဖို့ လိုနေတုန်းပင်။
ကုနင်းဝင်လာသည်ကို မြင်လိုက်ကြသည်နှင့် အားလုံးက လေးစားစွာဖြင့် လှည့်ကြည့်လာကြသည်။ သူမက သင်္ချာမေးခွန်းတွေ ဘယ်လောက်ခက်ခက် အမှတ်ပြည့်နှစ်ကြိမ်တောင်ရခဲ့တာပဲ!
“ဟိုင်း၊ နင်းနင်း!”
ကုနင်းကိုတွေ့လိုက်သည်နှင့် စုအန်းယာနှင့်ကျန်းကျီခိုင်တို့ ပျော်ရွှင်စွာ ပြေးလာကြသည်။
စုအန်းယာက နောက်ဆုံးပွဲစဉ်ကို မတက်ရောက်နိုင်ခဲ့သော်လည်း အစကတည်းက သူမကိုစိတ်ကိုသူမကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့် လုံးဝဝမ်းမနည်းပေ။
စုအန်းယာ၏စိတ်အခြေအနေက ကောင်းနေစဲဖြစ်တာကြောင့် ကုနင်းလဲ သူမကို နှစ်သိမ့်ပေးနေဖို့ မလိုတော့ပေ။
စုန့်ရှီယောင်သည်တော့ ပုံမှန်အတိုင်း ကုနင်းကိုမုန်းမြဲဖြစ်သော်လည်း လူကြားထဲမှာတော့ ထုတ်ဖော်မပြောတော့ပေ။
ကုနင်းအကြောင်း သိထားကြသည့်လူများကတော့ သူမအနားသို့ကပ်လာကာ ချီးကျူးဂုဏ်ပြုကြသည်။
“ကုနတ်ဘုရားမ၊ နင်အရမ်းတော်တာပဲ!”
“အမှတ်ပြည့်နှစ်ကြိမ်တောင်ရအောင် ဘယ်လိုများလုပ်လိုက်တာလဲ?”
“တကယ့်ကို မယုံနိုင်စရာပဲ။”
“ကုနတ်ဘုရားမ၊ ငါ့အထင်တော့ ပထမဆုက နင့်အတွက်ပဲဖြစ်မယ်။”