[Unicode]
အခန်း ၈၈၈ ဟုန်ရှီထျန်းဟဲရှီယန်သာ ဘေးကင်းခဲ့မည်ဆိုလျှင်တော့ ဟဲဟုန်ကျဲ့က ဟဲဟုန်ယွမ်ကို လွှတ်ပေးလိမ့်မည်ဖြစ်သော်လည်း ဟဲဟုန်ယွမ်အနေဖြင့် သူလုပ်ခဲ့သမျှကို ပြန်ပေးဆပ်ဖို့လိုနေတုန်းပင်။
တိုကင်ပြားများကို ရေတွက်ပြီးသည့်နောက် တတိယလောင်းကစားနည်း၏ နောက်ဆုံးရလဒ်ထွက်လာခဲ့သည်။
ဖန်းကျီဟောက်က ယွမ်၉၃သန်းရရှိခဲ့ကာ ကုနင်းကတော့ ယွမ်၃၉၆သန်းရရှိသွားသည်။
“ကဲ၊ ရှင်နိုင်တဲ့ငွေကိုနှုတ်လိုက်ရင် လူကြီးမင်းဖန်း အနေနဲ့ ကျွန်မကို နောက်ထပ် ယွမ်၃၀၃သန်းထပ်ပေးရဦးမယ်နော်။” ကုနင်းပြောလိုက်သည်။
“သခင်ဟုန်ယွမ်က တစ်ကြိမ်ဝင်ကစားပြီး သူ့ဘာသာယွမ်သန်းတစ်ရာရှုံးသွားတာဆိုတော့ ငါမင်းကို ယွမ်၂၀၃သန်းပဲပေးရမှာ။” ကစားပွဲပြီးဆုံးသွားပြီဖြစ်တာကြောင့် ဖန်းကျီဟောက်အနေနှင့် ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာမလိုတော့ပေ။ သေချာပေါက် သူကတော့ ဟဲဟုန်ယွမ်အစား ယွမ်သန်း၁၀၀ ပေးလိုစိတ်လုံးဝကိုမရှိပေ။
ထိုစကားကြောင့် ဟဲဟုန်ယွမ် မကျေမနပ် မျက်မှောင်ကြုတ်လိုက်သော်လည်း တကယ်ပဲ သူ့ဘာသာ ငွေအများကြီးရှုံးသွားခြင်းဖြစ်တာကြောင့် မငြင်းဆန်ခဲ့ပေ။
ထို့နောက် ကုနင်းက သူမ၏ထန်အိုက်နင်းအမည်နှင့် ဘဏ်ကဒ်ကိုထုတ်ယူကာ ဖန်းကျီစောက်နှင့်ဟဲဟုန်ယွမ်ကို ပေးလိုက်သည်။
ကျန်သည့်တိုကင်ပြားများကိုတော့ ကုနင်း ဟဲရီရှောက်ကိုသာ ပေးလိုက်သည်။ ကောင်းယိနှင့်ချောင်ယတို့က အတူလိုက်သွားပြီး ရေတွက်ကာ ကုနင်းနာမည်နှင့်ဘဏ်အကောင့်ထဲသို့ ငွေသားလွှဲပြောင်းပေးပေလိမ့်မည်။
“မိန်းကလေးထန် ဒီနေ့တော်တော်နိုင်သွားမှာပဲ!”
“ငါ့အထင် သူအနည်းဆုံး ယွမ်၁.၆ဘီလီယံလောက် နိုင်သွားတာထင်တယ်။”
“အမယ်လေး တကယ်ကိုအများကြီးပဲ!”
“ငါတော့ တစ်ခါမှ ဒီလို ငွေလွယ်လွယ်ရှာသွားနိုင်တဲ့လူမျိုး မမြင်ဖူးဘူး!”