[Unicode]
အခန်း ၈၆၅ ရောင်းမှာလား မရောင်းဘူးလားအဖိုးကြီး၏စကားကြောင့် သက်လတ်ပိုင်းလူကြီးက တွန့်ဆုတ်သွားကာ လူအုပ်ကြီးသည်နှင့် သူတို့ပင် ယင်စွမ်းအင်ထိစပ်ခံရမည်စိုးတာကြောင့် နောက်ဆုတ်သွားကြသည်။ ယင်စွမ်းအင်ရှိသည်ကို သူတို့မယုံကြည်ကြသော်လည်း ကြားလိုက်သည်နှင့်ဝေးဝေးနေမိကြစဲပင်။
သို့ပေမည့် နောက်ထပ်သက်လတ်ပိုင်းအရွယ်လူကြီးကတော့ ဒေါသထွက်နေခဲ့သည်။ “အဖိုးကြီးရှား၊ ခင်ဗျား ကျုပ်ဆိုင်ကိုဖျက်ဆီးဖို့ တမင်လုပ်နေတာမဟုတ်လား? ဒီပန်းအိုးမှာ ယင်စွမ်းအင်ရှိနေပါတယ်လို့ ခင်ဗျားမှာ ဘာသက်သေမှမရှိဘူး!” ထိုလူကတော့ ဤရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်ဖြစ်ကာ တစ်စုံတစ်ယောက်က သူ့စီးပွားရေးကို ဖျက်ဆီးနေတာကြောင့် ဒေါသထွက်နေတော့သည်။
“ဟုတ်သားပဲ! ဒီပစ္စည်းက ယင်စွမ်းအားရှိနေတယ်ပြောမှတော့ ခင်ဗျားသက်သေပါတစ်ခါတည်းပြလေ။”
“ခင်ဗျား တမင်သက်သက် သူ့ဆိုင်ရဲ့ စီးပွားရေးကိုကော ဂုဏ်သတင်းကိုပါ ဖျက်ဆီးနေတာပဲ။”
“အသက်ကြီးလွန်းလို့ ကောင်းကောင်းမစဉ်းစားနိုင်တော့ဘူးထင်တယ်။”
………..
လူများစွာသည် ယင်စွမ်းအင်ရှိသည်ဆိုသည်ကို မယုံကြည်ကြတာကြောင့် အဖိုးကြီးရှားကိုအပြစ်တင်ကာ သူ့ဘက်မှရပ်တည်ပေးသူဟူ၍မရှိပေ။
အဖိုးကြီးရှားသည်လဲ ဒေါသထွက်လာရပေမည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်ကြီး တစ်ဖန်ပြန်လည်ဖြစ်ပွားလာမည်ကို တားမြစ်ဖို့ရန်အတွက် သူ့ဒေါသများကိုထိန်းချုပ်ထားလိုက်သည်။ “ဒီအပြာနဲ့အဖြူစပ်ကြွေထည်ပန်းအိုးက ငါပိုင်ခဲ့တာ။ ဒီပန်းအိုး ငါ့အိမ်ကိုရောက်လာပြီးကတည်းက ငါ့ကျန်းမာရေးက တစ်နေ့တစ်ခြားပိုဆိုးလာတယ်။ ဒါကြောင့် ငါဖျက်ဆီးပစ်ဖို့တောင် စီစဉ်ထားပြီးကာမှ တစ်ယောက်ယောက်ကခိုးသွားတာ။ အခုတော့ မင်းဆိုင်မှာပြန်ပေါ်လာတယ်။”
ထိုစကားကြောင့် အားလုံး၏အကြည့်များက ရှေးဟောင်းဆိုင်ပိုင်ရှင်ဆီသို့ရောက်ရှိသွားကြသည်။ ထိုသူခိုးက ဆိုင်ပိုင်ရှင်များဖြစ်နေမလားဟု သံသယဝင်လာကြသည်။