[Unicode]
အခန်း ၉၀၅ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကား ရုံတင်နိုင်ပါ့မလား?ရက်အနည်းငယ်ကြာပြီးနောက် ဇာတ်ကားကို အပြီးသတ်နိုင်သွားကာ တာဝန်ရှိသူများထံ စစ်ဆေးဖို့ပေးလိုက်သည်။
ဇာတ်ကားက အဆုံးသတ်တည်းဖြတ်ပြီးမှာတော့ ပိုလို့တောင်မှ ကြောက်စရာကောင်းလာခဲ့သေးသည်။
ထန်ပင်းစန်ကြောင့် ဇာတ်ကားသည် ဆင်ဆာလုပ်ငန်းစဉ်ကို မဖြတ်ကျော်နိုင်ခဲ့ဘဲ ဖယ်ထုတ်ခံလိုက်ရသည်။
လုကျန်းကို ဖျော်ဖြေရေးနယ်ပယ်မှ ကန်ထုတ်ခဲ့သူမှာ ထန်ပင်းစန်ဖြစ်ကြောင်း ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှလူတိုင်း သိထားတာကြောင့် ဒါက အံ့ဩဖွယ်ရာရလဒ်တစ်ခုတော့မဟုတ်ပေ။ သို့သော်လည်း သူတို့ဘက်က အခွင့်ကောင်းယူကာ ဒီဇာတ်ကားကို လူစိတ်ဝင်စားမှုများစွာရအောင် လုပ်ခဲ့သည်။
ဆင်ဆာလုပ်ငန်းစဉ်ကို မဖြတ်ကျော်နိုင်ခဲ့သော်လည်း သူတို့အနေနှင့် အင်တာနက်ပေါ်တွင် နမူနာဇာတ်လမ်းတိုတင်ကာ လူထုကိုကြော်ငြာနိုင်သေးသည်။
အရင်ကတည်းကလဲ ဒီဇာတ်လမ်းက လူအာရုံစိုက်မှုများစွာ ရရှိထားပြီးဖြစ်တာကြောင့် ဆိုရှယ်မီဒီယာတွင် လူပြောများသည့်သတင်းတစ်ခုဖြစ်လာအောင်လုပ်ဖို့က လွယ်ကူလှသည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၊ လုကျန်း၊ ဖန့်ထန်၊ လုယဲ့ကျီအပါအဝင် စသည့်Weiboပေါ်မှ လွှမ်းမိုးမှုရှိသူများစွာက နမူနာဇာတ်လမ်းတိုကို ပြန်လည်တင်ပေးခဲ့ကြသည်။
ဒါကြောင့်မကြာခင်အချိန်အတောအတွင်းမှာပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’အကြောင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားတော့သည်။
‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားနမူနာကို ကြည့်ပြီးနောက်မှာတော့ လူများစွာကြောက်လန့်သွားကြသလို စိတ်လဲဝင်စားသွားကြသည်။
အင်တာနက်အသုံးပြုသူမြောက်မြားစွာက အပြုသဘောဆောင်သည့်မှတ်ချက်များစွာကို ရေးချန်ပေးခဲ့ကြသည်။
“အိုးမိုင်ဂေါ့ဒ်၊ ငါနမူနာကိုကြည့်ပြီး ကြောက်လွန်းလို့သေတော့မလို။ ငါကြည့်ဖူးသမျှထဲမှာ ဒါကကြောက်စရာအကောင်းဆုံးဇာတ်လမ်းပဲ!”