[Unicode]
အခန်း ၈၈၆ ငွေကြောင့်ကယ်တင်ပေးလိုက်မယ်ဘာဖြစ်တာလဲ? ဘာလို့ရုတ်တရက်ကြီး ငါအရမ်းအေးလာပြီး နေလို့ထိုင်လို့မကောင်းသလို ခံစားနေရတာလဲ? ဟဲယီရှီ သူမဘာသာတွေးလိုက်မိသည်။
ကုနင်းကို အပြစ်တင်နေကြသည်အား မြင်ရတော့ ဟဲမိသားစုကလဲ သေချာပေါက် ဘေးကရပ်ကြည့်နေစရာအကြောင်းမရှိပေ။ သို့သော်လည်း သူတို့ ကုနင်းကို ဝင်ရောက်မကာကွယ်ပေးရသေးခင်မှာပဲ ကုနင်းကိုယ်တိုင် နှုတ်ဟလာခဲ့သည်။ “ဒါပေါ့၊ နင့်အဖေထက် ငါ့ငွေကိုငါ ပိုဂရုစိုက်တာပေါ့။ နင့်အဖေရဲ့အခြေအနေဆိုးသွားတာ ငါနဲ့ဘာမှမပတ်သတ်ဘူးလေ၊ ပြီးတော့ ဒီနေ့ ငါတို့ကပြိုင်ဘက်တွေဆိုတာ နင်အမှတ်ရသင့်တယ်။ ဒီတော့ သူ့ကို ငါကယ်ပေးချင်တာကိုက အရမ်းအကြင်နာတရားရှိပေးရာရောက်နေပြီ။”
“နင်….” ဟဲယီရှီ ဒေါသထွက်သွားပေမည့် ကုနင်းပြောသွားသည်က အမှန်တရားဖြစ်ကြောင်းကိုတော့ လက်ခံလိုက်ရသည်။
ကုနင်း၏ ငြင်းဆိုချက်ကိုကြားလိုက်ရတော့ လူအများက သူမဘက်မှထောက်ခံလိုက်ကြပြန်သည်။ အခုဆို သူတို့က ပြိုင်ဘက်တွေပဲမဟုတ်လား။ ထို့အပြင် ကုနင်းက ငွေအတွက်ကြောင့်နဲ့ ဟဲဟုန်ယွမ်ကို ကယ်ပေးချင်တာဆိုရင်တောင်မှ သူမမှာ ဒီလိုကူညီပေးချင်တဲ့စိတ်လေးရှိတာကိုကာ ကြင်နာတတ်ရာရောက်နေပြီပဲ။
ကုနင်း လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ထပ်,ထပ်ပေါင်းပြောလိုက်သည်။ “ကျွန်မ သွေးအေးတယ်လို့ ရှင်တို့ထင်နေကြတယ်လား? ထားပါ၊ ကျွန်မလဲ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က သူစိမ်းတွေပဲဟာကို၊ ဒါပေမယ့် ဒီနေ့ပြိုင်ပွဲက အရမ်းအရေးကြီးတဲ့အကြောင်းကိုတော့ ရှင်တို့အားလုံး သေချာသိထားကြပြီးဖြစ်မယ်လို့ ယုံတယ်။ ဒါက ဟဲမိသားစုအနာဂါတ်နဲ့သက်ဆိုင်နေတဲ့ပွဲပဲ။ ဒီအချိန်လေးကျမှ သခင်ဟုန်ယွမ်က ဘာကြောင့်နဲ့ ဟဲမိသားစုခေါင်းဆောင်နေရာရဖို့ သခင်ဟုန်ကျဲ့ကို စိန်ခေါ်တိုက်ခိုက်ရလဲဆိုတာကို ရှင်တို့တွေမတွေးနိုင်ကြတော့တာလဲ? အပေါ်ယံအကြောင်းပြချက်လေးကို ယုံသွားကြတဲ့အထိတော့ မထုံထိုင်ကြနဲ့နော်။”