[Unicode]
အခန်း ၉၄၅ ချိုးယွီရှင်းချူးရွှမ်ဖန်အစောကတည်းကရောက်နေမှန်း ကုနင်းခန့်မှန်းမိလေသည်။ သူတို့နှစ်ယောက်လုံး စစ်ထူယဲ့၏ဒဏ်ရာအတွက်စိုးရိမ်နေကြခြင်းဖြစ်တာကြောင့် သူ့ကိုချက်ချင်းပဲလာခဲ့ဖို့ ပြောလိုက်သည်။ သူမကတော့ ဟွားဖုတောင်ကုန်းဂိတ်ပေါက်မှာပဲ သူ့ကိုသွားစောင့်နေလိုက်သည်။
ကုနင်း ဂိတ်ပေါက်ကိုရောက်လာပြီး သိပ်မကြာခင်မှာပဲ ချူးရွှမ်ဖန် သူမမြင်ကွင်းထဲဝင်လာခဲ့သည်။ ကုနင်းလဲ စွမ်းအင်သလင်းကျောက်၁၀လုံးပါဝင်သည့် ဆေးပုလင်းကိုပေးကာ ဘယ်လိုအသုံးပြုရမလဲဆိုသည်ကိုပါ ပြောပြလိုက်သည်။
ချူးရွှမ်ဖန်က ကုနင်းကိုထပ်တလဲလဲကျေးဇူးတင်ကာ စစ်ထူယဲ့ထံမှဖြစ်သည့်လက်ဆောင်လို ဘူးလေးတစ်ခုကိုပေးလေသည်။
ဒါက လက်ဆောင်အသေးလေးတစ်ခုဖြစ်ရုံမဟုတ်ကြောင်း ကုနင်းနားလည်ပေသည်။ စစ်ထူယဲ့က သူမဆေးတွေကို တန်ကြေးမပေးရဘဲယူဖို့ တွန့်ဆုတ်နေတာကြောင့် သူမကိုလက်ဆောင်တစ်ခုပို့လိုက်ခြင်းဖြစ်သည်။
လက်ဆောင်က စစ်ထူယဲ့ဘက်မှစေတနာဖြစ်တာကြောင့် ကုနင်းယူထားလိုက်သည်။
ချူးရွှမ်ဖန်ထွက်သွားပြီးနောက် ကုနင်းဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် ငုံးဥအရွယ်လောက်ရှိသည့် ကြောင်မျက်လုံးကျောက်မျက်ရတနာတစ်ခုရှိသည်ကို တွေ့လိုက်ရသည်။
ကြောင်မျက်လုံးကျောက်မျက်ရတနာများသည် အလင်းယိုင်ခြင်းဂုဏ်သတ္တိများစွာပါဝင်တာကြောင့် ကမ္ဘပေါ်ရှိ အဖိုးအတန်ဆုံးကျောက်ငါးမျိုးတွင်ပါဝင်ထားသည်။
စစ်ထူယဲ့ အလွန်ရက်ရောတတ်မှန်း ကုနင်းသိထားသော်လည်း ကြောင်မျက်လုံးကျောက်မျက်ကိုတွေ့ရချိန်မှာ အံ့ဩမိနေတုန်းပင်။
ကျောက်မျက်ရတနာတစ်ခုဆိုတာ ယောက်ျားတစ်ယောက်၏အမြင်မှာတော့ ကျောက်တုံးတစ်တုံးထက်မပိုကြောင်းလဲ ကုနင်းနားလည်ပေသည်။ စစ်ထူယဲ့သာ ကြောင်မျက်လုံးကျောက်မျက်၏တန်ဖိုးကို ဂရုစိုက်နေမည်ဆိုလျှင် သူမကိုပို့ပေးလာမည်မဟုတ်ပေ။