[Unicode]
အခန်း ၈၁၁ ဝမ်ရှင်း အချစ်တွေ့နေပြီလား?ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ ကားထဲဝင်ပြီးသည်နှင့် ရှင်းပိုင်က ချက်ချင်းပင် ချောင်ဝမ်ရှင်းထံသို့ ဖုန်းဆက်လိုက်သည်။ ချောင်ဝမ်ရှင်းထံမှ ရလာမည့်အဖြေကို သူထပ်မစောင့်နိုင်တော့ပေ။
ထိုမြင်ကွင်းကြောင့် ရှုကျင်းချန်မှာတော့ အနည်းငယ်ဝမ်းနည်းလို့ လာတော့သည်။ သူ့ညီအစ်ကိုတွေအားလုံးက ချစ်သူရှိသွားတာနဲ့ ချစ်သူရှိလာတော့မည့်လူနဲ့ ဖြစ်ကုန်ပေမည့် သူကတော့ နဂိုအတိုင်းတစ်ကိုယ်တည်းသမားသာ ဖြစ်နေစဲပင်။
ရှုကျင်းချန်၏ဖုန်းခေါ်ဆိုမှုကို ချောင်ဝမ်ရှင်းလက်ခံရရှိချိန်တွင် သူမသူငယ်ချင်းများဖြစ်သည့် ကောင်းချန်ယွင်နှင့်အန်းယန်တို့နှင့်အတူ ကော်ဖီဆိုင်တစ်ဆိုင်၌ စကားဝိုင်းဖွဲ့နေခဲ့ခြင်းဖြစ်သည်။ သူတို့သုံးဦးအသက်များမှာ ရွယ်တူနီးနီးဖြစ်ကြကာ တက္ကသိုလ်အသီးသီးမှ ဘွဲ့ရခဲ့ပြီးကာစများလဲ ဖြစ်တာကြောင့် အခုချိန်တွင် သုံးဦးသားလုံး အလုပ်လက်မဲ့များဖြစ်ကြသည်။
သို့ပေမည့် သူတို့အားလုံးက သူတို့မိသားစုအပေါ်တွင်သာ အမြဲတမ်းမှီခိုနေဖို့ မရည်ရွယ်ထားကြပေ။ သူတို့မိသားစုများ၏ ချမ်းသာကြွယ်ဝမှုက သူတို့ကို တစ်သက်တာလုံး ချမ်းချမ်းသာသာ ဇိမ်ရှိရှိထိုင်စားလောက်အောင် လုံလောက်နေသော်လည်း သူတို့ကတော့ သူတို့ကိုယ်ပိုင်အရည်အချင်းဖြင့် အလေးအနက်ထားကာ တစ်စုံတစ်ခုကို လုပ်သင့်သည်ဟု ယုံကြည်ထားကြသည်။
ချောင်ဝမ်ရှင်းသည် စစ်တပ်ကော ရဲဘက်ကိုပါ ဝင်ရောက်ခွင့်ပြုခြင်းမံထားရပေမည့် နိုင်ငံရေးဘက်ကိုလဲ သဘောမကျတာကြောင့် စီးပွားရေးလုပ်ငန်းကသာ ရွေးချယ်မှုကောင်းတစ်ခုအဖြစ်ကျန်နေသည်။
ကောင်းချန်ယွင်သည်လဲ စီးပွားရေးကို စိတ်ဝင်စားသူဖြစ်သည်။
အန်းယန်သည်တော့ အာဏာရှိသည့်မိသားစုမှ မွေးလာသူဖြစ်ပေမည့် သူက အစိုးရထံတွင် အလုပ်လုပ်ခြင်းက ငြီးငွေ့စရာကောင်းသည့် အလုပ်ဟုထင်က ထိုအလုပ်မျိုးကို မုန်းပေသည်။ ထိုအလုပ်အစား စီးပွားရေးက ပိုပျော်စရာကောင်းသည်ဟု တွေးမိတာကြောင့် သုံးရောက်သား ဆွေးနွေးမှုလုပ်ရန် ဤနေရာသို့ရောက်လာခဲ့ခြင်းပင်။