[Unicode]
အခန်း ၈၅၇ ပင်လယ်ရေအောက်မှထူးဆန်းသည့်သင်္ဘောဟုန်ယွဲ့ဖေးလဲ ကုနင်း၏အပြောကြောင့် သူမဘေးမှလူနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သည်။ သူကိုယ်တိုင်က ဂိုဏ်းစတားတစ်ယောက်ဖြစ်သလို ငယ်စဉ်ကတည်းက တိုက်ခိုက်ရေးနည်းလမ်းများကို လေ့ကျင့်ထားခဲ့သူဖြစ်တာကြောင့် ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အတိုက်အခိုက်ကောင်းလောက်မှန်း တန်းသိလိုက်သည်။
သူတို့နှစ်ဦး၏အရည်အချင်းက သူ့ထက်ပိုသားနေမလားဆိုတာကို သူမသိတာတောင်မှ အနိုင်ရဖို့ ယုံကြည်ချက်မရှိတော့ပေ။ ထို့အပြင် ယနေ့မှ သူ့သက်တော်စောင့်များကိုလဲ မခေါ်လာမိခဲ့ပေ။
ဟုန်ယွဲ့ဖေး တွန့်ဆုတ်နေတော့သည်။
ထိုပုံစံကြောင့် ဟဲယီရှီစိုးရိမ်လာကာ၊ “သူက ထျန်းတိဟွေ့ခေါင်းဆောင်ရဲ့ ဒုတိယသားပဲ၊ ထျန်းတိဟွေ့ဆိုတာ ဘယ်လောက်တောင် အာဏာရှိလဲဆိုတာ နင်တို့သိသင့်တယ်! နင်တို့ သူ့ကိုထိခိုက်အောင်လုပ်ရဲရင်၊ ထျန်းတိဟွေ့က နင်တို့ကို ဒီအတိုင်းလွှတ်ပေးလိုက်မှာမဟုတ်ဘူး။”
ထိုစကားကြောင့် ဟုန်ယွဲ့ဖေး၏လေသံကလဲ ပြန်ကျယ်လာကာ ထောက်ခံလိုက်သည်။ “ဟုတ်တယ်၊ ငါ့အဖေက ထျန်းတိဟွေ့ခေါင်းဆောင်ပဲ၊ မင်းတို့ ငါ့ကိုထိခိုက်အောင်လုပ်ရဲရင်၊ ထျန်းတိဟွေ့က သေချာပေါက် ပြန်လက်စားချေလိမ့်မယ်။”
ထိုအခိုက်အတန့်တွင် ကုနင်းသည်တော့ ဟုန်ယွဲ့ဖေး မိုက်မဲလွန်းသည်ဟု မတွေးမိဘဲမနေနိုင်ပေ။ သူက ထျန်းတိဟွေ့ရဲ့သားဖြစ်နေတဲ့အချက်ကိုတောင် ဟဲယီရှီ ကူညီထောက်ပြပေးသည်ကို လိုနေသေးသည်။ ဟုန်ယွဲ့ဖေးရဲ့ ချစ်သူကောင်မလေးဖြစ်လာဖို့ ဟဲယီရှီတော်တော်ကြိုးစားခဲ့ရမှာပဲ။ ဒါပေမယ့်လဲ ဒီလိုခြိမ်းခြောက်စကားလောက်ကတော့ ကုနင်းအတွက် ကလေးကစားကွက်လို့သာ ထင်မိသည်။
“မင်းတို့တွေ အခုချိန်ထိဆို ထျန်းတိဟွေ့ဆိုတဲ့နာမည်အကြောင်း ပြောလာတာ ဘယ်နှကြိမ်တောင်ရှိနေပြီလဲ၊ ဒီလောက်နဲ့ ငါကြောက်နေမယ်လို့ ထင်နေတာလား?” ကုနင်း သူတို့နဲ့တော်တော်လေး အချိန်ဖြုန်းမိနေပြီဖြစ်တာကြောင့် အခုလောလောဆယ် မြန်မြန်ထွက်သွားချင်နေပေပြီ။