အခန်း ၈၄၀ ထောင်ချပစ်မယ်!

1.3K 134 0
                                    

[Unicode]
အခန်း ၈၄၀ ထောင်ချပစ်မယ်!

နောက်တစ်နေ့မနက် ၇နာရီ၄၀မိနစ်တွင်တော့ ကုနင်း ကောင်းကင်ပြာဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်၌ ဘက်စ်ကားသုံးစီးရပ်ထားကာ ကျောင်းသားများစွာကတော့ ဟိုတယ်ခန်းမထဲတွင် စုရုံးနေကြသည်။

စုန့်ရှီယောင်၏ကောင်းမွန်လှသော အမြင်အာရုံထဲတွင် ကုနင်း ဇိမ်ခံကားတစ်စီးပေါ်မှ ဆင်းလာသည်ကို ထင်ထင်ရှားရှားမြင်သွားခဲ့သည်။ ထို့ကြောင့် ရုတ်ချည်းဆိုသလိုပဲ ကုနင်းတွင် ရှူးဂါးဒယ်ဒီရှိနေသည်ဟု ကောက်ချက်ချလိုက်တော့သည်။ သူမအမြင်တွင်တော့ ကုနင်းသည် Fမြို့မှကျောင်းသူလေးတစ်ယောက်ဖြစ်တာကြောင့် Bမြို့လိုနေရာတွင် သွားလိုရာသွားနိုင်ဖို့ရန်အတွက် ဇိမ်ခံကားတစ်စီးဝယ်နိုင်လိမ့်မည်ဟု မဟုတ်ဟု လုံးဝယုံကြည်ထားသည်။ ကုနင်း အထဲသို့ဝင်လာသည်နှင့် စုန့်ရှီယောင်က ထေ့ငေါ့ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ကတော့ သူ့ရှူးဂါးဒယ်ဒီနဲ့အိပ်ဖို့အတွက် ဒီဟိုတယ်မှာမတည်းတာပဲ!”

စုန့်ရှီယောင်က နာမည်တပ်မပြောခဲ့သော်လည်း သူမ၏အကြည့်များကတော့ ကုနင်းပေါ်တွင်သာ ရှိနေသည်။ သူမ ကုနင်းအကြောင်းပြောနေသည်မှန်း သိသာလှသည်။ ထို့အပြင် ကုနင်းတစ်ယောက်တည်းကသာ ဤဟိုတယ်တွင်အားလုံးနှင့်မနေသူဖြစ်သည်။

ထိုစကားသံကျယ်ကျယ်ကြောင့် လူတိုင်းက စုန့်ရှီယောင်ဘက်သို့  ကြည့်လာကာ ကုနင်းကိုတစ်လှည့်ပြန်ကြည့်လိုက်သည်။ ထိုလူများက စုန့်ရှီယောင်ပြောသလို ကုနင်းတွင် ရှူးဂါးဒယ်ဒီရှိနေတာလားဟု စတင်ယုံကြည်လာကြတော့သည်။

“စုန့်ရှီယောင်၊ နင့်ပါးစပ်ကိုပိတ်ထားစမ်း! ပေါက်ကရသတင်းတွေဖြန့်နေတာရပ်လိုက်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့!” ကုနင်းမပြောရသေးခင်တွင်ပဲ ကျန်းကျီခိုင်က သူမဘက်က ကာကွယ်ပြောဆိုခဲ့သည်။

“ငါနင့်အကြောင်းပြောနေတာမဟုတ်ဘူးလေ။ ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ? အမှန်တရားပဲဟာကို ဘာလို့လိုက်ကာကွယ်ပေးနေတာတုန်း?”

ဖီးနစ်သွေးစက် Book 5Where stories live. Discover now