[Unicode]
အခန်း ၉၃၃ အမ်းထားတဲ့ချစ်သူလေးဖန်းရှီရွှမ်က မိဘများကို ငွေများစွာထောက်ပံ့နေခဲ့ရင်တောင် သူမမှာ များစွာသောစုဆောင်းထားမှုများရှိနေသေးကြောင်း သူတိုသိပေသည်။ သူမ ထောင်ကျတော့မယ်ဆိုမှတော့ သူမစုဆောင်းထားသမျှကို မိဘတွေအနေနဲ့သုံးပိုင်ခွင့်ရှိသည်ဟု ယူဆနေကြခြင်းဖြစ်သည်။
ထို့အပြင် ဖန်းရှီရွှမ်သည် Bမြို့တွင် အိမ်တစ်လုံးလဲပိုင်ဆိုင်ထားကာ သူမမောင်ကလဲ လက်ထပ်တော့မည်ဖြစ်တာကြောင့် သူမမိဘတွေက သူမအိမ်ကို သူမမောင်နာမည်ဖြင့်လွှဲပြောင်းပေးဖို့ ကြံစည်နေကြခြင်းဖြစ်သည်။
ဖန်းရှီရွှမ်၏မိဘများမှာ အရှက်မဲ့သောမိဘများပင်။
အတိတ်တုန်းကဆိုလျှင် ဖန်းရှီရွှမ်တို့မိသားစုသာ မြို့ငယ်လေးတစ်မြို့မှ သာမာန်ဘဝသမားများဖြစ်ကြပေမည့် ဖန်းရှီရွှမ်နာမည်ကြီးလာသည်နှင့် သူတို့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ကြသည်။
သူမမိသားစုက သူမငွေတွေကိုသုံးကာ အိမ်ကြီးအိမ်ကောင်းများ ဇိမ်ခံကားများကိုဝယ်ယူခဲ့ကြသည်။ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘဲ ဖန်းရှီရွှမ်၏ငွေတွေကို ဖြုန်းတီးဖို့လောက်သာ ခေါင်းထဲရှိကြသူများဖြစ်သည်။
ဖန်းရှီရွှမ်သည်လဲ သူမမိသားစုနှင့် အချေအတင်စကားများကြပါက သူမဂုဏ်သတင်းထိခိုက်မည်စိုးတာကြောင့် နှစ်စဉ်သူမဝင်ငွေတစ်ဝက်နည်းပါးလောက်ကို မိသားစုအားထောက်ပံ့သည့်ထဲထည့်ခဲ့သည်။
……..
များစွာသောရဲသားများနှင့်ရဲမေများနှင့်တကွ ဆရာဝန်တစ်ယောက်တို့က ထန်ရှောင်ရှောင်၏ဒဏ်ရာများကို စစ်ဆေးရန်အတွက် ဟွမ်းဒင်ဟိုတယ်သို့သွားရောက်ခဲ့ကြသည်။ ဟိုတယ်မန်နေဂျာကိုယ်တိုင်ပါ ရှိနေပေးခဲ့ပေသည်။
ထန်ရှောင်ရှောင်၏ဒဏ်ရာများကို ရဲမေများနှင့်ဆရာဝန်တို့သွားရောက်စစ်ဆေးချိန်တွင် ရဲသားများနှင့်မန်နေဂျာကတော့ ဟိုတယ်ခန်းမတွင်သာကျန်ရစ်ခဲ့သည်။
ဆရာဝန်က ထန်ရှောင်ရှောင် ဒဏ်ရာရပြီးတာတောင် ဘာလို့ဆေးရုံမသွားခဲ့သလဲဆိုသည့်အကြောင်းကို မေးမြန်းခဲ့သည်။