[Unicode]
အခန်း ၉၅၀ အတင်းအဖျင်းကုနင်းသည် မယုံနိုင်စရာအရည်အချင်းများမှင့်အလွန်ထူးချွန်သူဖြစ်ကာ သူမနှင့်ရင်းနှီးခွင့်ရမည့်အခွင့်အရေးကို ဘယ်သူကမှငြင်းကြလိမ့်မည်မဟုတ်ပေ။
ကုနင်းသည် သူတို့မိသားစုဝင်ဖြစ်လာပြီဆိုမှတော့ သူတို့မိသားစုလဲ ယခုထက်ပိုလို့အင်အားကြီးလာနိုင်ပေသည်။ ဒါကြောင့်ပဲ ထန်ကျားယန်က ကုနင်းကိုမြင်သည်နှင့် ချက်ချင်းပြုံးရွှင်ကာ ကုနင်းဆီလျှောက်သွားတော့သည်။
“နင်းနင်း၊ ပြန်တော့မလို့လား?”
ထန်ကျားယန်သည် Bမြို့တွင်နေသည့်ဤရက်များအတွင်း ထန်ဟွမ်တွင်အလုပ်ဆင်းနေခဲ့တာဖြစ်သည်။
“ဟိုင်း!” ကုနင်းလဲပြန်ပြုံးပြလိုက်သည်။ “ဟုတ်တယ်၊ ငါယူစရာလေးရှိလို့လာတာ၊ အခုအိမ်ပြန်ပြီး နေ့လည်စာသွားစားတော့မလို့။”
“ကိုယ်တိုင်ကားမောင်းလာတာလား?” ထန်ကျားယန်ဆက်မေးလိုက်သည်။
“ဟုတ်တယ်။”
“ကောင်းပြီ၊ ဂရုစိုက်မောင်းဦးနော်။” ထန်ကျားယန်ပြောပြီးသည်နှင့် ကုနင်းလဲဆက်ထွက်လာခဲ့သည်။
ထန်ကျားယန်၏ကုနင်းအပေါ် ကြင်ကြင်နာနာဆက်ဆံပုံကိုမြင်ပြီး ဝန်ထမ်းတွေက ထန်ကျားယန်ဘာလို့ ဒီမိန်းကလေးနဲ့အရမ်းရင်းနှီးနေပုံပေါက်လဲသိချင်လာကြသည်။ တချို့ဆိုလျှင် ထန်ကျားယန်က ကုနင်းအပေါ်ကြင်နာတတ်သလိုဟန်ဆောင်နေခြင်းလို့တောင်မှ ယုံကြည်နေကြလေသည်။
“ဘာလို့ဒီမိန်းကလေးကိုကြည့်ရတာရင်းနှီးနေတယ်လို့ခံစားရပါလိမ့်?” ကုနင်းထွက်သွားချိန်တွင် အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်။
“သူက ဥက္ကဌထန်ရဲ့သမီးလေ!”
ထိုအမျိုးသမီးသည်အစောကရှိမနေခဲ့တာကြောင့် ထိုအံ့ဩဖွယ်သတင်းကိုလွတ်သွားခဲ့သည်။ “ဘာ? တကယ်ကြီးလား? ဥက္ကဌထန်က လက်မထပ်ရသေးဘူးမဟုတ်ဘူးလား?”
သူမလုပ်ဖော်ကိုင်ဖက်ကအကြောင်းအရာအလုံးစုံကိုပြန်ပြောပြလိုက်ကာ သူမလဲအဖြစ်အပျက်အလုံးစုံကိုနားလည်သွားတော့သည်။ “အမ်၊ တကယ်တော့ သူ့ပုံစံကိုရင်းနှီးတယ်လို့မြင်မိတာ ဥက္ကဌထန်နဲ့တူနေလို့တော့မဟုတ်ဘူး။”