[Unicode]
အခန်း ၉၁၄ အရှက်မဲ့လွန်းသည့်အမျိုးသမီးလင်ရှောင်းထင်၏အတွေးများကို ကုနင်းသိပေ၊ မဟုတ်ပါက ဒီလူတော်တော်ကလေးဆန်တာပဲလို့ သူမတွေးမိလောက်သည်။ သို့ပေမည့် လင်ရှောင်းထင် ဘယ်လောက်ပဲ ကလေးဆန်နေပါစေ သူမကတော့ ချစ်နေတုန်းပင်။
ယောက်ျားလေးတစ်ယောက် သူ့ချစ်သူက သူ့ကို ချီးမွမ်းလိုက်လျှင် ပျော်ရွှင်တယ်ဆိုတာက ချစ်သူကို ဂရုစိုက်လို့ပင်ဖြစ်သည်။
ထိုအခါမှသာ ဘေးနားမှလင်ရှောင်းထင်ကို ကျီမန့်လင်း သတိထားမိသွားပြီး ချောမောလှသည့်ရုပ်ရည်ကြောင့် မှင်သက်အံ့ဩသွားတော့သည်။
ဘုရားရေ ဒီလူအရမ်းချောတာပဲ! ယဲ့ကျားရှန်းထက်တောင်မှ ပိုအရပ်ရှည်သေးတယ်။
ကျီမန့်လင်းမှာ လင်ရှောင်းထင်ထံမှ အကြည့်တောင်မလွှဲနိုင်တော့ပေ။
ကျီမန့်လင်း၏အမူအရာကြောင့် ကုနင်း စိတ်တိုသွားသော်လည်း ဘာမှတော့မပြောဘဲ လင်ရှောင်းထင်ကိုဆွဲကာ ထွက်သွားတော့သည်။
“ဟေ့!” ကျီမန့်လင်း တားချင်နေသည်။ လင်ရှောင်းထင်ကို ဒီအတိုင်းတော့ သူမမလွှတ်ပေးလိုက်နိုင်ပေ။
သို့သော်လည်း သူမရှေ့တစ်လှမ်းတိုးတော့မည့်အချိန်မှာပဲ ကောင်းယိနှင့်ချောင်ယတို့က သူမကို အေးစက်စက်စိုက်ကြည့်လာတာကြောင့် ကျီမန့်လင်းလဲ ကြောက်လန့်သွားကာ နေရာမှမလှုပ်နိုင်တော့ဘဲ ကုနင်းတို့အဝေးရောက်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။
တစ်ပြိုင်တည်းဆိုသလို ကုနင်းကို မနာလိုဖြစ်လာတော့သည်။ လင်ရှောင်းထင်၏အဝတ်အစားများက ဒီဇိုင်နာချုပ်အလွန်ဈေးကြီးသည့်အထည်ဖြစ်ကြောင်းကိုလဲ သူမသတိထားမိလိုက်သည်။ ဒီတော့ သူကလူချမ်းသာတစ်ယောက်ပေါ့၊ အရပ်ကလဲရှည် ချောကလဲချောရုံတင်မကဘူး ချမ်းလဲချမ်းသာသေးတယ်။ ဒီလိုလူမျိုးကို မကြိုက်မိသည့်အမျိုးသမီးဟူ၍ရှိမည်မဟုတ်ပေ။
ကျီမန့်လင်းသည် သူမကိုယ်သူမ အလွန်လှပသည်ဟု တွေးထားကာ ချမ်းသာသည့်မိသားစုကလဲ ဖြစ်သေးပေမည့် သူမနှင့်အဆင့်အတန်းတူသည့် အရည်အချင်းပြည့်မီသောအမျိုးသားတစ်ယောက်ကို မတွေ့နိုင်ခဲ့ပေ။