[Unicode]
အခန်း ၈၅၁ ကုနတ်ဘုရားမကို ချစ်မိသွားပြီFမြို့အမှတ်၃အထက်တန်းကျောင်းမှ ကျောင်းသားများနှင့်ဆရာများသည်လဲ သူတို့ကိုယ်တိုင် ပထမဆုရသလိုမျိုး ကုနင်းအတွက် ဂုဏ်ယူဝမ်းမြောက်နေကြသည်။
အခုဆိုလျှင် ကုနင်းသည် သူတို့ကျောင်း၏ဂုဏ်ဆောင်ဖြစ်ရုံတင်မကဘဲ Fမြို့၏ဂုဏ်ဆောင်တစ်ဦးလဲ ဖြစ်သွားပေပြီ။ Fမြို့ပညာရေးဌာနမှ ဒါရိုက်တာနဲ့ Fမြို့မြူနီစီပါယ်ပါတီကော်မတီမှ အတွင်းရေးမှူးတို့ကလဲ ကုနင်းကို ဂုဏ်ပြုစကားပြောရန် ဖုန်းဆက်ခဲ့ကြသည်။
ကုနင်း၏သူငယ်ချင်းများကလဲ တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်လာခဲ့သည်။
ကုနင်းမှာတော့ ဒီနေ့အတွင်း ဖုန်းဘယ်နှကောလ်လောက် သူမဆီဝင်ခဲ့မှန်းပင် မသိတော့သလို ကျေးဇူးတင်စကားပြောရလွန်း၍လဲ ရေငတ်လာရပေမည့် စိတ်မရှည်တော့ မဖြစ်ပေ။ ထိုအစား သူမ၏အရင်းနှီးဆုံးသူငယ်ချင်းများထံမှ ဂုဏ်ပြုစကားကြားရ၍ ပျော်ရွှင်နေခဲ့သည်။
“ဘော့စ်၊ မင်းကတော့ အမြဲထင်ပေါ်နေတာပဲ! ငါတို့ဂုဏ်ပြုပါတီလုပ်ကြရင်မကောင်းဘူးလား?” ဖန်းကျီရွေ့မှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
“ကျေးဇူးပါပဲ၊ ဒါပေမယ့် ငါ့မိသားစုက ဂုဏ်ပြုပွဲလုပ်ပေးပြီးပြီ။ ညပိုင်းလောက်ဆိုရင်တော့ မင်းနဲ့လိုက်သောက်ပေးလို့ရနိုင်လောက်တယ်။”
“ကောင်းလိုက်တာ! ငါ့သူငယ်ချင်းတွေကလဲ မင်းကို ဂုဏ်ပြုပေးချင်နေကြတယ်။ ငါ့ကလပ်မှာပဲ သူတို့ကိုပါ ခေါ်ပြီးသောက်ကြမယ်ဆိုရင်ကော?”
“ရတာပေါ့!”
ကုနင်းပြုံးလိုက်မိသည်။ သူမ ဖန်းကျီရွေ့၏သူငယ်ချင်းများနှင့် မရင်းနှီးသော်လည်း သူတို့ကိုယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံကာ သူတို့နှင့်အတူ ထွက်လည်ဖို့ ဆန္ဒရှိသည်။
“ကျေးဇူးပဲ!” ဖန်းကျီရွေ့ကတော့ လွန်စွာပျော်ရွှင်သွားတော့သည်။
“ဒါနဲ့၊ ဘော့စ်၊ အခုငါ့အစ်ကို အခြေအနေတော်တော်လေးကောင်းလာပြီ။ ငါ့မိသားစုအတွက် လုပ်ပေးခဲ့တာအတွက် မင်းကို ကျေးဇူးတင်ပါတယ်။” ရုတ်တရက် ဖန်းကျီရွေ့၏အသံက အလေးအနက်ဖြစ်သွားသည်။ ကုနင်းကြောင့်သာမဟုတ်လျှင် သူ့အစ်ကိုကြီးကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။