[Unicode]
အခန်း ၉၂၂ မိန်းကလေးထန်“မိန်းကလေးရော ဒီဘက်ကလူကြီးမင်းရော ရဲမေကျန်းပြောတာတွေကို စိတ်ထဲမထားကြပါနဲ့။ ခင်ဗျားတို့ စုံစမ်းမှုပါ ပူးပေါင်းပါဝင်ပေးနိုင်ကြဖို့ မျှော်လင့်မိပါတယ်။” ရဲသားကျောင်းက ယဉ်ကျေးစွာပင် ကုနင်းနှင့်လင်ရှောင်းထင်ကို ပြောလိုက်သည်။
“ကျွန်မတို့ကို သံသယရှိနေတယ်ဆိုမှတော့ စုံစမ်းမှုပါ ပူးပေါင်းပေးနိုင်ပါတယ်၊ ဒါပေမယ့် ဒီအမှုက ကျွန်မတို့နဲ့ပတ်သတ်မှုလုံးဝမရှိဘူးဆိုတာကိုတော့ ပြောထားပါရစေ။ ဒီမနေ့ ၈နာရီ၅၀လေယာဉ်နဲ့ ကျွန်မတို့Bမြို့ကိုပြန်ကြမှာ။ စုံစမ်းစစ်ဆေးမှုကြောင့် ကျွန်မတို့လေယာဉ်လွတ်သွားမယ်ဆိုရင်တော့ လျော်ကြေးပေးရပါမယ်။”
ကုနင်း တမင်တကာ သူတို့ကိုခြောက်လှန့်လိုက်ခြင်းဖြစ်သည်။
ထိုစကားကြောင့် ရဲသားကျောင်းတို့အဖွဲ့မှာ တုံ့ဆိုင်းလို့သွားကြသည်။ လျော်ကြေးပေးမပေးက သူတို့နဲ့မှမဆိုင်ဘဲ။
“မိန်းကလေး၊ ကျွန်တော်တို့ကလဲ စုံစမ်းစစ်ဆေးမှုကြောင့် ဆုံးရှုံးမှုတစ်စုံတစ်ရာရှိလာမှာမျိုး မဖြစ်စေချင်ပါဘူး၊ ဒါပေမယ့် ဒီအမှုမှာ မင်းတို့ပါဝင်နေတဲ့အတွက် မင်းတို့မှာ ကျွန်တော်တို့နဲ့ပူးပေါင်းပေးဖို့ တာဝန်ရှိပါတယ်။” ရဲသားကျောင်းက လေသံမာမာဖြင့်ပြန်ပြောလိုက်သည်။
ဤအချိန်မှာတော့ လင်ရှောင်းထင်ဆက်ပြီးတိတ်မနေတော့ပေ။ သူက သူ့ရဲ့စစ်တပ်အရာရှိတံဆိပ်ကို ထုတ်ယူကာ ရဲသားကျောင်းကို ပြလိုက်သည်။ “ခင်ဗျား ကျွန်တော်တို့ကို သံသယရှိနေတုန်းဆိုရင် ကျွန်တော့်စစ်ဆေးမှုမလုပ်ခင် ကျွန်တော်တို့နိုင်ငံရဲ့စစ်တပ်ကခွင့်ပြုမိန့်ကို အရင်ဆုံးတောင်းရပါမယ်။”
လင်ရှောင်းထင်၏ စစ်အရာရှိအမှတ်တံဆိပ်ကိုမြင်ပြီးနောက် ရဲသားကျောင်းတို့အဖွဲ့ မျက်လုံးပြူး မျက်စံပြူးဖြစ်ကုန်ကြတော့သည်။
ဘာ? ဗိုလ်ချုပ်တဲ့လား?
ဒီလောက်ငယ်ငယ်လေးနဲ့လေ!