အခန်း ၈၅၄ HKသို့ရောက်ရှိ

1.3K 135 0
                                    

[Unicode]
အခန်း ၈၅၄ HKသို့ရောက်ရှိ

ဇာတ်လမ်း၏ပထမဆုံးအခန်းကို ကြည့်မိသည်နှင့် လုကျန်းနှင့်လုယီချန်တို့ အံ့ဩသွားကြရသည်။

ပထမဆုံးစတင်ပေါ်ထွက်လာသည့်မြင်ကွင်းမှ ဇာတ်လမ်းထဲမှသရဲပုံဖြစ်ကာ အစစ်နှင့်ဆင်တူလွန်းတာကြောင့် လုကျန်းနှင့်လုယီချန်တို့ ကြောက်လန့်သွားကြသည်။ နောက်ထပ် စက္ကန့်အနည်းငယ်စာထပ်ကြည့်ပြီးချိန်တွင်တော့ ဤဇာတ်လမ်းကိုတည်းဖြတ်ထားသည်မှာ အရည်အသွေးမြင့်လှကြောင်း ခံစားသိရှိသွားကြတော့သည်။

တကယ်တော့ ဒီသည်းထိတ်ရင်ဖိုဇာမ်လမ်းကို ရိုက်ကူးဖို့ အစီအစဉ်အတည်တကျမရှိထားဘဲ ရုတ်တရက် ရိုက်ကူးလိုက်ရခြင်းဖြစ်၍ ကျော်ကြားလိမ့်မည်ဟု သိပ်မမျှော်လင့်ထားခဲ့ပေ။

ရင်းနှီးမြှုပ်နှံသူတွေကလဲ ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်းအားမကြီးသည့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ခုကို ရင်းနှီးငွေများစွာထည့်သွင်းကြခြင်းမရှိပေ။ သို့သော်လည်း ကေ တည်းဖြတ်ပေးပြီးနောက်တွင်တော့ ဇာတ်လမ်း သေချာပေါက်အောင်မြင်မှုရရှိနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာနိုင်ချေများသွားတော့သည်။

ဇာတ်လမ်းထဲသို့ အသံသရုပ်ဆောင်များနှင့် စကားပြောသံများပြန်လည်ထည့်သွင်းရဦးမည်ဖြစ်တာကြောင့် အခုထိ ဇာတ်လမ်းအပြည့်အစုံမပြီးသေးသော်လည်း ဇာတ်ကွက်များနှင့်နောက်ခံအသံများနှင့်ပင် ကြောက်ရွံ့ထိတ်လန့်သွားစေဖို့လုံလောက်လို့နေပေပြီ။

လုကျန်းနှင့်လုယီချန်တွင် ဇာတ်လမ်းတစ်ပုဒ်လုံးကို သဘောကျကျေနပ်စွာကြည့်ခဲ့ကြသည်။ ကုနင်းသာ လုကျန်း၏နှလုံးရောဂါကို မကုသပေးခဲ့ပါက ဤဇာတ်လမ်းကိုကြည့်ပြီး နှလုံးရောဂါဖောက်သွားပေလိမ့်မည်။

လုကျန်းနှင့်လုယီချန်တို့ ဇာတ်ကားကိုပထမတစ်ခေါက်ပြီးဆုံးအောင် ကြည့်ပြီးချိန်တွင် စိတ်ကိုပြန်လည်ငြိမ်သက်အောင်ထားလိုက်ကာ ဒုတိယအကြိမ်ဆက်ကြည့်ခဲ့ကြသည်။

တစ်ကြိမ်ကြည့်ပြီးသားဖြစ်ပေမည့် ဇာတ်ကွက်တိုင်းက သူတို့အတွက် ထိတ်လန့်စရာကောင်းနေတုန်းပင်။

ဖီးနစ်သွေးစက် Book 5Where stories live. Discover now