[Unicode]
အခန်း ၉၃၆ ရေသွားမချိုးဘူးလား?ကျောင်းလင်းယလဲ ကုနတ်ဘုရားမအကြောင်းများစွာကြားဖူးထားပြီးဖြစ်ပေမည့် ကုနင်းက ထိုကုနတ်ဘုရားမှန်းတော့မသိခဲ့ပေ။
ဒါကြောင့် အခုအင်တာနက်ပေါ်မှာ အကျော်ကြားဆုံးမိန်းကလေးက ဖန်းကျီရွေ့၏သူငယ်ချင်းဖြစ်နေမှန်းသိလိုက်ရတာကြောင့် အလွန်အံ့၏သွားခဲ့ခြင်းဖြစ်သည်။
……..
ကုနင်းနှင့်လင်ရှောင်းထင်တို့ ကားပါကင်သို့လျှောက်လာခဲ့သည်။
လင်ရှောင်းထင်ပို့ခိုင်းထားသည့်ကားကလဲ အဆင်သင့်ရောက်လို့နေပေပြီ။
သူတို့ကားထဲရောက်သည်နှင့် လင်ရှောင်းထင်က၊ “နင်းနင်း၊ ကိုယ်တို့ဟိုတယ်သွားကြရင်မကောင်းဘူးလား?”
ကုနင်းရုတ်တရက်ကြောင်လို့သွားရသည်။ “ဘာအတွက်လဲ?”
လင်ရှောင်းထင်က မျက်လုံးများထဲတွင် လိုချင်တပ်မက်စိတ်များတောက်လောင်နေပုံဖြင့်၊ “ကိုယ်တို့ဆူဆူညံညံတွေလုပ်ရင် သူတို့ကြားသွားလိမ့်မယ်လေ။”
ထိုတော့မှ ကုနင်းရှက်သွားမိတော့သည်။ လင်ရှောင်းထင် သူမနှင့်ဘာလုပ်ချင်နေမှန်း ချက်ချင်းသိသွားခြင်းကြောင့်ပင်။
လင်ရှောင်းထင်ပြောတာလဲ မှန်ပေသည်။ သူတို့သာ အိမ်မှာချစ်ကြလို့ ကောင်းယိနှင့်ချောင်ယတို့ကြားသွားပါက အရမ်းရှက်ဖို့ကောင်းပေလိမ့်မည်။ ဒါကြောင့် ကုနင်းလဲ ချောင်ယကိုဖုန်းဆက်ကာ သူမတို့ဒီညအိမ်ပြန်မလာမည့်အကြောင်းပြောလိုက်သည်။
ကောင်းယိနှင့်ချောင်ယတို့သည်လဲ ချစ်သူတွေဖြစ်တာကြောင့် သူတို့မှာလဲ သီးသန့်ကိုယ်ပိုင်အချိန်လိုအပ်ပေသည်။ သူတို့သည်လဲ ကုနင်း၏အိမ်မှာ မချစ်ချင်ကြတာကြောင့် ဟိုတယ်တစ်ခုသို့သွားနေခဲ့ကြသည်။
ကုနင်းက မြို့တော်မှာဆိုလျှင် ကောင်းယနှင့်ချောင်ယကို သူမဘေးအိမ်တွင်နေခိုင်းဖို့ရည်ရွယ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကမိသားစုတစ်ခုလိုဖြစ်နေပြီမဟုတ်လား။