[Unicode]
အခန်း ၉၀၉ 1 VS 1တံခါးတွန်းဖွင့်လိုက်သံကိုကြားသည်နှင့် “ထန်အိုက်နင်း”အကြောင်း ဆွေးနွေးနေကြသည့် ကျွမ်းကျင်လောင်းကစားသမားတစ်ဖွဲလဲ ချက်ချင်းစကားပြောရပ်သွားကြသည်။
ယဲ့ချောင်ရှုံး အခန်းထဲသို့ဝင်လာသည်နှင့် လေးစားမှုကိုပြသသည့်အနေဖြင့် အားလုံးမတ်တပ်ရပ်ကာ ကြိုဆိုခဲ့ကြသည်။ “သခင်ကြီးယဲ့၊ မင်္ဂလာညနေခင်းပါ။”
သူတို့အားလုံးက ယဲ့ချောင်ရှုံးနှင့်ယှဉ်လျှင် အသက်အရွယ်ရော အတွေ့အကြုံပါ ငယ်သူနည်းသူများဖြစ်တာကြောင့် လေးစားမှုရှိကြပေသည်။
“အားလုံးပဲ ထိုင်ကြပါ။” ယဲ့ချောင်ရှုံးပြန်ပြောလိုက်သည်။
နောက်တစ်ခနမှာပဲ ကုနင်းကို သူတို့သတိထားမိသွားကြကာ အင်တာနက်ပေါ်မှ နေရာတိုင်းတွင် သူမ၏ဓါတ်ပုံများ ဗီဒီယိုများကို မြင်တွေ့ထားဖူးပြီးကြသူများဖြစ်တာကြောင့် သူမက “ထန်အိုက်နင်း”မှန်း ချက်ချင်းမှတ်မိသွားကြသည်။
“ဒီဘက်က မိန်းကလေးထန်ပဲဖြစ်ရမယ်နော်?”
တစ်ယောက်က ကုနင်းကိုကြည့်ကာပြောလိုက်သည်။
“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက ထန်အိုက်နင်းပါ။” ကုနင်းယုံကြည်ချက်ရှိရှိနှင့်နှုတ်ဆက်လိုက်သည်။ သူမတွင် တည်ငြိမ်ကာ မြင့်မြတ်သည့်အရှိန်အဝါများရှိနေသည်ကို ဘယ်သူမှသတိမထားမိဘဲမနေနိုင်ကြပေ။
တစ်ချို့ဆိုလျှင် ကုနင်းသည် အဆင့်အတန်းမြင့်သည့်အမျိုးသမီးတစ်ယောက်ဖြစ်မည်ဟု တွေးသွားကြကာ တစ်ချို့တွေကတော့ သူမဘာသာအဆင့်အတန်းမြင့်ချင်ယောင်ဆောင်နေသည်ဟုသာ ယုံကြည်လို့နေသည်။
“မိန်းကလေးထန်၊ မင်းရဲ့အသက်အရွယ်နဲ့ လောင်းကစားပညာမှာ အရမ်းထူးချွန်နေတော့ ငါလေးစားမိနေခဲ့တာပါ။”
“မိန်းကလေးထန်က စစ်ပေါ်နဲ့ငါးချပ်ပိုကာမှာ လုံးဝမလွဲတမ်းမှန်းနိုင်တယ်လို့ကြားထားတယ်၊ ဒါမျိုးက လောင်းကစားလောကတစ်ခုလုံးမှာ တကယ့်ရှားရှားပါးပါးဖြစ်ရပ်ပဲ။”