[Unicode]
အခန်း ၉၅၅ နတ်ဆိုးကျောင်းကို မြစ်ထဲသို့လွှတ်ပေးအပျော်စီးလှေ၏ဧည့်ခန်းထဲမှာတော့ အချိုပွဲများနှင့်သစ်သီးပွဲများတည်ခင်းထားကာ အားလုံးကို ထန်ယွင်ဖန်းပဲ ကြိုတင်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
“ဝါး၊ အရသာရှိမဲ့အစားအသောက်တွေမှအများကြီးပဲ!”
ကလေးများကတော့ အစားအသောက်များအပေါ် အာရုံရောက်သွားကြတာကြောင့် ကုယင်ယင်ဦးဆောင်ကာ သုံးယောက်သား ချက်ချင်းဆိုသလို စားပွဲနားရောက်ရှိသွားတော့သည်။
“တခြားလူတွေဥစ္စာဖြစ်နေမယ်။ ရမ်းသမ်းမထိနဲ့!” ထိုစားစရာများမှာ သူတို့အတွက်ဟုတ်မဟုတ် မသိရသေးတာကြောင့် ဝမ်ယွီလန်က ကလေးတွေကိုဟန့်လိုက်သည်။
“ရပါတယ်။ အားလုံးအတွက်ထား,ထားတာ။ ကြိုက်တာစားလို့ရတယ်။ နောက်ထပ်လဲ လှေပေါ်မှာထပ်ရှိသေးတယ်။” ကုနင်းကပြုံးကာပြောလိုက်သည်။
ကုနင်း၏အတည်ပြုစကားကိုကြားသည်နှင့် ကုယင်ယင်တို့လဲ ချက်ချင်းဆိုသလို မုန့်များကိုစတင်စားသောက်ကြတော့သည်။
“အရသာရှိလိုက်တာ!” ကလေးတွေက အစားအသောက်ကောင်းများကြောင့် ပျော်ရွှင်စွာအော်ဟစ်နေကြသည်။
“မုန့်တွေအရမ်းမစားနဲ့ဦး။ အစောကတင် ညစာစားထားတာမလား။” ကုချင်းယန်ကပြောလိုက်သည်။
“ဟုတ်ကဲ့ပါ!” အားလုံးသာမာန်ကာလျှံကာသာပြန်ဖြေကာ ဆက်လက်စားသောက်ကြသည်။
ကျန်းရှင်းရွှယ်ကတော့ ကုယင်ယင်နှင့်ကုချင်းရှီတို့ထက် စားတာပိုနှေးသည်။ သူမပါးစပ်အပြည့်ရောင်စုံမုန့်တွေကို ထိုးသိပ်ထည့်မနေဘဲ တစ်ခါစားတစ်ကိုက်စေ သပ်သပ်ရပ်ရပ်လေးစားလို့နေသည်။
“သူတို့ကြိုက်သလိုစားကြပါစေ။ ကလေးတွေပဲကို။” ကုမန့်ကဝင်ပြောလိုက်သည်။
ကုမန့်တောင်ကူပြောပေးနေမှတော့ ကုချင်းယန်နှင့်ဝမ်ယွီလန်တို့လဲ ကလေးတွေကိုအပြစ်တင်မနေကြတော့ပေ။
အပျော်စီးလှေနံရံများကို ဖန်သားများဖြင့်ကာရံထားတာကြောင့် ဧည့်ခန်းထဲမှာထိုင်ရင်း မြစ်ပတ်ဝန်းကျင်မှ ရင်သပ်ရှုမောဖွယ်ညအလှကို မြင်နိုင်ပေသည်။