[Unicode]
အခန်း ၈၂၁ ဖန်ကျီရွေ့၏အစ်ကိုအား ကယ်တင်ခြင်းကုနင်း ချက်ချင်းပင် သူမကိုတားဖို့လုပ်နေသည့်ဆရာဝန်အား အနားကပ်မလာနိုင်စေရန် သူမ၏မမြင်ရသည့်စိတ်စွမ်းအားဖြင့် ဟန့်တားထားလိုက်တာကြောင့် ဆရာဝန်မျာ တခဏမျှ အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
အမျိုးသားဆရာဝန်က ကုနင်းကို မတားနိုင်သည်ကိုတွေ့ရတော့ နောက်ထပ်ဆရာဝန်တစ်ယောက်ကလဲ ရှေ့သို့တက်လာကြပေမည့် ကုနင်းအနားနီးလေ သူတို့အပေါ်သို့ ကြီးမားလေးလံသည့် ကျောက်တုံးကြီးပိကျလာသလို ခံစားရလေပင်။
နှစ်ယောက်သားမှာ ကောင်မလေး၏မမြင်နိုင်သည့်ဖိအားများကြောင့် ထိတ်လန့်လာကာ အသက်ရှူတောင် ရပ်တော့မလိုခံစားနေရသည်။
“သူ့ကို မသေစေချင်ရင် ပါးစပ်ပိတ်ထားကြ။” ကုနင်း သူနာပြုများနှင့်ဆရာဝန်များကို ခြောက်လှန့်လိုက်ကာ ခွဲစိတ်ကုတင်ပေါ်တွင် ဒဏ်ရာနှင့်လှဲနေသည့် အမျိုးသားထံသို့ဆက်လျှောက်သွားသည်။ သတိမပြုမိလိုက်သည့်အချိန်တွင်ပဲ ကုနင်း၏လက်ဖဝါးပေါ်တွင် စိတ်စွမ်းအင်သလင်းကျောက်တစ်လုံးက ရောက်နေပြီဖြစ်ကာ ဒဏ်ရာနှင့်လူကို ကူကာ ဆေးကိုတိုက်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ထိုသူ၏နဖူးကို သူမလက်ချောင်းများဖြင့်ဖိလိုက်ကာ စွမ်းအင်များကို တိတ်တဆိတ် ထည့်သွင်းပေးလိုက်သည်။ တခြားလူများအမြင်တွင်တော့ ဒဏ်ရာရနေသည့်လူကို နှိပ်နယ်ပေးရုံလောက်လို့သာ မြင်ရပေမည်။
“မင်း….”
ဆရာဝန်များနှင့်သူနာပြုများက သူမကို တားဖို့ပြင်လာသည်နှင့် ချက်ချင်းပင် အေးစက်စက်တစ်ချက်ကြည့်ပေးလိုက်တာကြောင့် ကြောက်လန့်တကြားနှင့် ပါးစပ်ပြန်ပိတ်သွားကြသည်။ သို့ပေမည့် ကျူးကျော်သူဖြစ်သည့် ကုနင်းအနားကိုတော့ ချဉ်းကပ်လာနေကြစဲပင်။
“ကြည့်လိုက်၊ သူ့နှလုံးခုန်နှုန်းပြန်တက်လာပြီ!”
ဘာဖြစ်တယ်?
ထိုစကားကြောင့် ဆရာဝန်များနှင့်သူနာပြုများအားလုံး အနားမှ စက်ကိုကြည့်လိုက်ကြသည်။ နှလုံးခုန်နှုန်းပြမျဉ်းကြောင်းလေးက ပုံမှန်အနေအထားရောက်လုနီးနီးပင် ပြန်လည်မြင်တက်လာသည်ကို မြင်လိုက်ရတာကြောင့် အားလုံးအံ့ဩသွားကာ ကုနင်းကို ဘယ်သူမှတားဖို့မကြိုးစားရဲကြတော့ပေ။