[Unicode]
အခန်း ၈၂၄ သူက လူသားရောဟုတ်ရဲ့လား?ကုနင်း ဖုန်းပြန်ဖြေလိုက်သည်နှင့် ချီထျန်းလင်လဲ ဖုန်းတစ်ဖက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။ ကုနင်း ပျော်ပါးကစားနေရင်း သူနှင့်ချိန်းထားသည်ကို မေ့သွားတာဖြစ်လိမ့်မည်ဟု ချီထျန်းလင် တွေးမိလိုက်တာကြောင့် စိတ်တိုစွာဖြင့် မေးလိုက်တော့သည်။ “မင်းအခုဘယ်မှာလဲ? မင်းပြောတော့ ၇နာရီဆို? အခုပဲ ၈နာရီတောင် ထိုးခါနီးနေပြီ။”
“ငါအခု ၆လွှာက ခန်းမထဲမှာ။ နင် ဘယ်မှာလဲ?”
ကုနင်း ၆လွှာကိုတောင် ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရတော့ ချီထျန်းလင် အနည်းငယ်ပြန်ပြီးစိတ်ရွှင်သွားသည်။ “အပေါ်ဆုံးထပ်က ငါ့ရှုံးခန်းထဲမှာ။ မန်နေဂျာက လမ်းပြပေးလိမ့်မယ်။” ထို့နောက် သူ့ဘက်ကပဲ စပြီး ကုနင်းကို ဖုန်းချလိုက်ပြန်သည်။
ကုနင်း မတတ်သာစွာ မျက်ဆံလှည့်လိုက်မိသည်။ မသိရင် သူမကပဲ သူ့အကူအညီကို တောင်းခံနေသလိုလို။
မန်တပြန်ရောက်လာသည်နှင့် ကုနင်းကို ယွမ်၁သန်းတန် တိုကင်၂၁ပြားပေးခဲ့သည်။
ထို့နောက် မန်နေဂျာလုလဲရောက်လာကာ ကုနင်းကို ရိုရိုသေသေပင်နှုတ်ဆက်စကားဆိုသည်။ “မိန်းကလေးကု၊ ငါတို့ သွားကြတော့မလား?”
“သွားတာပေါ့။” ကုနင်း ပြန်ဖြေလိုက်ကာ မန်နေဂျာလုနောက်မှ လိုက်သွားသည်။
ခန်းမထဲမှ တခြားသောလူများကတော့ ထိုကောင်မလေးက မန်နေဂျာလုနှင့်သိနေတာကြောင့် အလွန်အံ့အားသင့်နေကြသည်။
လောင်းကစားသမားတစ်ယောက်က မန်နေဂျာလုနှင့်သိနေခြင်းသည် ပုံမှန်မဟုတ်တာတော့မဟုတ်ပေ။ တကယ်တော့ လာနေကျဖောက်သည်များအားလုံးကတော့ မန်နေဂျာလုကိုသိထားပေမည့် မန်နေဂျာလုက မိန်းမငယ်လေးတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်ကိုမြင်ရသည်ကတော့ ပထမဆုံးအကြိမ်ပင်။
ကျီပိုင်ယင်းလဲ အံ့အားသင့်သွားသည်။ သူမလဲ ဓါတ်လှေကားဘက်သို့ ဦးတည်လာခဲ့ပေမည့် ကုနင်းနောက်လိုက်လာခြင်းမဟုတ်ဘဲ သူမတို့လဲ သွားစရာရှိတာကြောင့်ပင်။