[Unicode]
အခန်း ၉၂၈ ကုနင်း၏လွှမ်းမိုးနိုင်စွမ်းသတင်းစာသားနှင့်အတူ အမျိုးသမီးတစ်ယောက်က ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နှင့်ပတ်လိုက်ရာက နာကျင်စွာအော်ဟစ်သံများပါသည့် ဗီဒီယိုတစ်ခုသည်လဲ တွဲလျက်ပါလာခဲ့သည်။
ထိုမြင်ကွင်းက လူတိုင်းကိုကြောက်လန့်သွားစေဖို့ လုံလောက်ခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ ကုနင်းပေါ်လာကာ ထန်ရှောင်ရှောင်ကိုကယ်ခဲ့သည်။
ထန်ရှောင်ရှောင်ကို ကုနင်း သူမလက်မောင်းများကြားသယ်သွားသည်ကိုကြည့်ပြီး သူမ၏ရဲရင့်သည့်လှုပ်ရှားပုံက မိန်းကလေးများစွာကို ဆွဲဆောင်သွားခဲ့သည်။
“ဝါး၊ ကုနတ်ဘုရားမအရမ်းမိုက်တာပဲ! ထန်ရှောင်ရှောင်ကိုတောင် အလွယ်လေးပွေ့သွားတယ်။”
“ဘုရားရေ! အရမ်းကြောက်ဖို့ကောင်းတာပဲ! သူ့မျက်နှာပေါ်သာ ဆာလ်ဖျူရစ်အက်ဆစ်တွေအလောင်းခံလိုက်ရရင် ဘယ်လိုများလုပ်မလဲ။”
“ထန်ရှောင်ရှောင်ကို သနားလိုက်တာ။”
“သနားပါတယ်။”
“ကုနတ်ဘုရားမဆိုတာ တရားမျှတမှုခံစားနိုင်စွမ်းမြင့်မားတဲ့မိန်းကလေးမဟုတ်လား။ သူကတော့ မယားငယ်တစ်ယောက်ကို ကယ်တင်ပေးမှာမဟုတ်ဘူး။ ဒီတော့ ထန်ရှောင်ရှောင်က သခင်ခန်တို့မိသားစုရဲ့ တတိယလူဆိုတဲ့သတင်းက သတင်းမှားဖြစ်နိုင်တာပဲ။”
“ငါတော့မထင်ဘူး။ ကုနင်းက မင်းတို့တွေ အထင်ကြီးနေသလောက်ကြီးလဲ မဟုတ်ပါဘူး။”
ကုနင်းကို မကောင်းပြောသည့်မှတ်ချက်တစ်ခုထွက်လာသည်နှင့် ကုနင်း၏ပရိသတ်တွေက ချက်ချင်းဆိုသလို ထိုအင်တာနက်အသုံးပြုသူက တိုက်ခိုက်တော့သည်။
“ကုနတ်ဘုရားမကိုများ မင်းကဘယ်လိုတောင် မကောင်းပြောရဲတာလဲ?”
“မင်းဘယ်သူလဲ အခုချက်ချင်းပြော၊ မင်းနောက်ကြောင်းအကုန် စုံစမ်းပစ်မယ်။”
“မင်းဆီ ဓါးတစ်ချောင်းပို့လိုက်မယ်၊ ပြောစမ်း!”
……..