[Unicode]
အခန်း ၉၃၈ အရှက်မဲ့တဲ့မိသားစုဖန်းရှီရွှမ်၏မိသားစုအမြင်မှာတော့ ဖန်းရှီရွှမ်သည် သူတို့မိသားစုအတွက် ငွေရှာသည့်ကိရိယာသာဖြစ်သည်။ သူမဘာလမ်းကိုပဲရွေးရွေး သူတို့အတွက်ငွေအလုံအလောက်ပေးနေသ၍ ကျေကျေနပ်နပ်ကြည့်နေကြမှာဖြစ်သည်။
ဖျော်ဖြေရေးလောကတွင်ထုတ်ဖော်မပြောထားသည့်စဉ်းမျဉ်းများရှိတာကြောင့် ဖန်းရှီရွှမ်သည်လဲ ချွင်းချက်တစ်ခုဖြစ်နေမည်ဟု သူတို့မယုံကြပေ။ သို့သော်လည်း တကယ်တမ်း ထိုလျှို့ဝှက်ချက်အညစ်အကြေးများပေါ်ထွက်လာချိန်မှာတော့ ဆွေမျိုးတွေက သူတို့ကိုလှောင်ပြောင်လာတော့မည်ဖြစ်တာကြောင့် ရှက်တတ်သွားကြသည်။
ဖန်းရှီရွှမ်၏မိဘများသည် သူတို့ချမ်းသာလာကတည်းက သူတို့၏ဆင်းရဲသောဆွေမျိုးများကို အထင်အမြင်သေးစွာဆက်ဆံခဲ့ကြသူများဖြစ်သည်။
သို့ပေမည့် ဖန်းရှီရွှမ်ကတော့ သူတို့ရောက်လာသည့်တစ်လျှောက် အေးစက်စက်မျက်နှာထားနှင့် နှုတ်ဆိတ်နေခဲ့သည်။
“ရှီရွှမ်၊ ငါရဲကိုမေးပြီးပြီ၊ နင်ထောင်ထဲကို နှစ်အနည်းငယ်လောက်တော့ သွားရမှာပဲတဲ့။ ဒီတော့ နင့်အတွက်ငွေတွေအများကြီးရှိနေလဲ အသုံးမဝင်တော့ဘူးလေ။ နင့်အိမ်နဲ့ငွေကို နင့်မောင်ကိုဘာလို့မပေးလိုက်တာလဲ? သူမကြာခင်လက်ထပ်တော့မှာ နင်လဲသိနေတာပဲ။” ဖန်းရှီရွှမ်၏မိခင်က သူမရသင့်သည့်အရာကိုတောင်းနေသည့်ပုံစံမျိုးဖြင့် ပြောနေသည်။
သူတို့ရည်ရွယ်ချက်ကို ဖန်းရှီရွှမ် ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်သော်လည်း တကယ်တမ်းကိုယ်တိုင်နားနှင့်ဆက်ဆက်ကြားရချိန်မှာ ရင်နာမိစဲပင်။ သူမမိဘများ၏သားကိုသာ ရှေ့တန်းတင်သည့်အကျင့်က လျှို့ဝှက်ချက်တစ်ခုတော့မဟုတ်ပေ။
သူမကျော်ကြားလာကတည်းက မိဘတွေက သူမကိုငွေသာဆက်တိုက်တောင်းနေခဲ့သည်။ သူမသာ ငွေထောက်ပံ့ဖို့ငြင်းလိုက်လျှင် သူမကိုဆဲဆိုကာ သူမဂုဏ်သတင်းကိုဖျက်ဆီးပစ်မည်ဟုတောင် ခြိမ်းခြောက်ခဲ့ကြသည်။ လူကြားထဲ ကောလဟာလထွက်ဖို့က သူမမလိုချင်ဆုံးအရာဖြစ်တာကြောင့် ဆက်တိုက်အလျှော့ပေးလာခဲ့သည်။