[Unicode]
အခန်း ၈၂၇ ကျီပိုင်ယင်း ထပ်ရှုံးပြန်ပြီကုနင်း ဘာမိတ်ကပ်မှမလိမ်းထားပေမည့် ကျီပိုင်ယင်းကတော့ လိမ်းထားပေသည်။ ကုနင်း၏ အသားအရေ အရမ်းကောင်းမှန်း အခုမှသာ ကျီပိုင်ယင်း သတိထားမိတော့သည်။
“ဝါး၊ နင်ဘာအောက်ခံမိတ်ကပ်လိမ်းတာလဲ? နင့်ကြည့်ရတာ မိတ်ကပ်မလိမ်းထားသလိုတောင် ထင်ရတယ်။” အမျိုးသမီးတိုင်းသည် သူတို့၏အသွင်အပြင်ကို ဂရုစိုက်ကြတာကြောင့် ကျီပိုင်ယင်းလဲ ကုနင်းနှင့် အတော်အတန်မတည့်တာတောင်မှ သိချင်နေတုန်းပင်။
ကုနင်း ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ကာ၊ “ငါဘာအောက်ခံမှမလိမ်းထားဘူးလေ။ စီရမ်ရယ်၊ မျက်နှာလိမ်းအဆီရယ်၊ တိုနာလေးရယ်ပဲသုံးထားတာ။ ဘာမိတ်ကပ်မှမလိမ်းထားဘူး။” ကျီပိုင်ယင်း ပိုစိတ်ဝင်စားလာစေရန် ကုနင်း ပိုပိုသာသာ ကြွားပြောလိုက်သည်။
“ဘာ?” ကျီပိုင်ယင်း အံ့ဩသွားတော့သည်။ “နင်လာနောက်နေတာပဲ။ ဘယ်လိုလုပ်များ ဘာမိတ်ကပ်မှမလိမ်းဘဲနဲ့ နင့်အသားအရေက ဒီလောက် ချောမွတ်နေမှာလဲ?”
“ပြောရရင်တော့ အသားအရေထိန်းပစ္စည်းတွေက အရမ်းကို အရေးကြီးတယ်လေ။”
“နင် ဘယ်တံဆိပ်ကိုသုံးလို့လဲ?”
“ခိုကျီ။”
“ခိုကျီ? ငါတစ်ခါမှမကြားဖူးဘူး။” ကျီပိုင်ယင်း မျက်မှောင်ကြုတ်သွားသည်။ သူမသည် နိုင်ငံတကာသုံးအလှကုန်အမှတ်တံဆိပ်များစွာနှင့် ရင်းနှီးမှုရှိပေမည့် ခိုကျီအကြောင်းကိုတော့ တခါမှမကြားဖူးပေ။
“အဲ့ဒါက အမှတ်တံဆိပ်အသစ်လေ။ အခုတော့ အရမ်းနာမည်မကြီးသေးဘူးဆိုပေမယ့် အာဏိသင်ကတော့ မသေးဘူး။” ကုနင်း စတင်ကာ သူမ၏ကုမ္ပဏီအကြောင်း ကြော်ငြာဝင်တော့သည်။ “ငါ့ရဲ့သက်တော်စောင့်လဲ အဲ့ဒီတံဆိပ်ပဲသုံးတာ။ သူလဲ အခုဘာမိတ်ကပ်မှမလိမ်းထားဘူး။ ဒါပေမယ့် သူသုံးတာက ရက်ပိုင်းပဲရှိသေးလို့ ငါ့အသားအရေလောက်တော့ မကောင်းသေးဘူး။”
ကုနင်း ချောင်ယပြန်လာတုန်းကပဲ ခိုကျီအသားအရေထိန်းပစ္စည်းအစုံလိုက်ပေးထားခဲ့သည်။