part 🌷1

2.7K 320 65
                                    

ဖြောက် ဖြောက်.....
ရှဲ  ရှလဲ.....

တိတ်ဆိတ်နေတဲ့   ဘုရားကျောင်း၀န်းထဲမှာတော့
မိုးရွာသံ  တဖျောက်ဖျောက်ရယ် 
လေတစ်ခါတိုက်လိုက်တိုင်း  ပွတ်တိုက်လှုပ်ခက်ရာက ထွက်လာတဲ့  သစ်ရွက်တွေရဲ့  တီးတိုးသံတွေရယ်

လူတွေရှိနေပေမဲ့   ပတ်၀န်းကျင်တစ်ခုလုံး  ဘယ်သက်ရှိမှ   ရှိမနေသလို  ငြိမ်သက်နေတယ်....

မိုးရာသီ ကုန်ခါနီး ရာသီဥတုအပြောင်းလဲကာလဆိုပေမဲ့ မိုးက တစ်မနက်ခင်းလုံး ခပ်စိပ်စိပ်ရွာနေတာ  မိုးလင်းကတည်းကနေ  ခုထိဆိုပါတော့...

ဘုရားကျောင်း၀န်းတစ်ခုလုံး စိမ်းစိုနေပြီး မိုးနံ့သင်းသင်းကလေးတွေက ပတ်၀န်းကျင်တစ်ခုလုံးဆီပြန့်ကျဲနေတယ်....

ဒီလိုကြည်နူးဆွတ်ပျံ့ဖွယ် ရာသီဥတုကိုငေးကြည့်ပြီး သဘောကျ ကျေနပ် နေတဲ့ မိုးရာသီကိုချစ်သောကောင်လေးကတော့ ပန်းနုရောင်အ၀တ်တွေကြား မြုပ်လိို့....

ဘုရားကျောင်း အ၀င်၀ တံဆက်မြိတ်ကနေ ကျနေတဲ့ရေစက်ကလေးတွေကို စိတ်၀င်တစားငုံ့ကြည့်နေတဲ့ 18 နှစ်အရွယ်ကောင်လေး ...
ဖွေးဥသွယ်လျနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို မိုးရေတွေစိုအောင်လုပ်ပြီး မျက်နှာပေါ်မှာလည်း အပြုံးတွေအပြည့်ရှိနေခဲ့တယ်...

မိုးရေတွေကိုလက်နဲ့ထိတို့ ကစားနေရင်း ၀တ်ထားတဲ့ ရိုးရာ၀တ်စုံပန်းနုရောင်ကလေးကိုမကာ ခြေထောက် တစ်ဖက်ပါထုတ်ပြီး မိုးရေတွေနဲ့ထိအောင်ကစားပြန်တယ်

အဲဒီလိုမျိုး မနက်ခင်းအစမှာ ပွင့်လာတဲ့ပန်းကလေးတွေလို မိုးရွာပြီးစ သစ်ရွက်တွေပေါ်တင်ကျန်တဲ့ရေစက်ကလေးတွေလို ကြည်လင်ရှင်းသန့်နေတဲ့ ကောင်လေးကတော့ ကင်ဆော့ဂျင်လို့အမည်ရပါသတဲ့..

တစ်နည်းအားဖြင့် Kim အိမ်တော်တစ်ခုလုံးဆီက သဲသဲလှုပ်ရုစိုက်ခံရတဲ့ kim မျိုးနွယ်ရဲ့ သားငယ်လေး

သူတစ်ယောက်တည်းရှိနေတယ်ထင်ရပေမဲ့ ခပ်လှမ်းလှမ်းမှာ ကင်ဆော့ဂျင်ဆီကနေအကြည့်မခွာဘဲ စောင့်ကြပ်ပေးနေတဲ့ ဘော်ဒီဂတ်2ယောက် ရှိနေတယ်....
....

PluvioPlile 🌧(complete) Where stories live. Discover now