"ဂျောင်ကု toilet ရှေ့မှာဘာလုပ်နေတာလဲ အားကစားအသင်းကခေါင်းဆောင်တွေကိုစု၀ေးဖို့ခေါ်ထားတယ်ဆို သူတို့စောင့်နေတာနာရီ၀က်လောက်ကြာပြီပြောတယ်...."
သူ့ဘေးရောက်လာတဲ့ ပါမောက္ခဆီကစကားကြောင့် ဂျောင်ကု ထိတ်ထိတ်ပြာပြာဖြစ်သွားရတယ်...
ဖုန်းကိုထုတ်ကြည့်လိုက်တော့ သူ့သူငယ်ချင်းသူ့ဆီဖုန့်ခေါ်စာပို့ထာတဲ့ noti တွေ၀င်နေတာမနည်းမနော...
ဆော့ဂျင်သူ့ကိုစိတ်ဆိုးနေတယ်ဆိုတာကြားပြီးထဲက နေမထိထိုင်မထိဖြစ်ပြီး နောက်ကတကောက်လိုက်ချော့မိတာ ဖုန်းခေါ်သံတွေကိုတောင်မကြားခဲ့ဘူး...
အခုလည်း ဆော့ဂျင်က toilet ထဲ၀င်သွားတာမို့
အပြင်ကနေရပ်စောင့်နေတာ ပါမောက္ခနဲ့တိုးလို့သာပေါ့ မဟုတ်ရင်တစ်နေကုန်ထိ သူလုပ်ရမဲ့ကိစ္စတွေကိုသတိရမှာမဟုတ်ဘူး.....ချိန်းထားရင်တစ်ခါမှ နောက်မကျဖူးတဲ့သူ့ရဲ့ဂုဏ်ပုဒ်တွေကိုလည်း ဒီရည်းစားလေးရဲ့ စူထော်နေတဲ့နှုတ်ခမ်းတွေ နဲ့ ဒေါသသံစွက်နေတဲ့ငြင်းဆန်မှူတွေ ကြောင့် အကုန်ချိုးဖျတ်ခဲ့မိပြီ....
အခု သူခေါ်ထားတဲ့သူတွေဆီ ပြေးသွားလိုက်ရမလား
ဆော့ဂျင်ကိုဆက်စောင့်ရမလား အတော်လေးဗျာများရတာပဲ ....ဒေါက် ဒေါက်...
"ဆော့ဂျင် ဘာလို့စိတ်ဆိုးမှန်းမသိပေမဲ့ကိုယ်တောင်းပန်ပါတယ်ကွာ နောက်မင်းမကြိုက်တာဘာမှမလုပ်တော့ဘူးနော် ကိုယ်အားကစားအသင်းကလူတွကိုစုဖို့ပြောထားတာ အခုစောင့်နေကြလို့ ခဏသွားလိုက်မယ် ပြီးတာနဲ့ချက်ချင်းမင်းဆီလာခဲ့မယ်ကွာ သိလား အရမ်းချစ်တယ်
ကိုယ်ခဏသွားလိုက်မယ်နော်
ဆော့ဂျင် ကိုယ်သွားလိုက်ဦးမယ်နော်...."
"သွားတော့လို့...."
သူပြန်မထူးမချင်း နေရာကမရွေ့ဘဲ ထပ်ခါတလဲလဲပြောနေတဲ့ဂျောင်ကုကြောင့် ဆော့ဂျင် toilet ထဲကထွက်လာရတယ်
ရယ်ချင်နေတဲ့မျက်နှာကို တည်ပြီး သွားခိုင်းလိုက်ရတယ်...စိတ်ဆိုးတာကဆိုးတာပဲ ကိုယ့်ကြောင့်နဲ့ သူ့တာ၀န်တွေလစ်ဟင်းသွားမှာတော့ မလိုချင်ဘူးလေ....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....