"မင်း ဘယ်တွေရောက်နေတာလဲ ဆော့ဂျင်
လာခဲ့ အရေးကြီးတယ် ငါလန့်နေတာ ရင်တွေတုန်နေပြီ သေမလိုပဲ..."သူဆေးခန်းထဲကထွက်လာချိန် ဂျီမင်းမျက်စိပျက်မျက်နှာပျက်နဲ့ သူအနားရောက်လာခဲ့တယ်...
ဆေးခန်းထဲကနေ နှစ်ယောက်အတူမထွက်ဘဲ ခွဲထွက်ဖို့လုပ်ခဲ့တာကြောင့် ဂျောင်ကုကတော့ဆေးခန်းထဲရှိနေတုန်းပဲ....
ဆော့ဂျင်လည်း နောက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်ရင်းဂျီမင်းဆွဲခေါ်တဲ့နောက်ပါသွားတော့တယ်...
"ဘာလဲဂျီမင်းရာ မင်းဘာလို့ဒီလောက်တုန်လှုပ်နေတာလဲ...."
ဂျီမင်းကသူ့ကို စကားမပြောခင်အရင်ဆုံးအသက်ပြင်းပြင်းရှူလိုက်တယ် ပြီးတော့နဖူးပေါ်ကချွေးစေးတွေကိုတစ်ရှူးနဲ့ဖွဖွတို့ထိပြီးသုတ်နေပြန်တယ်....
ဂျီမင်းရဲ့အပြုအမူတွေကိုအလွတ်ရပြီးသားဖြစ်တဲ့သူကတော့ ထိတ်လန့်စရာကိစ္စတစ်ခုကြောင့် ဂျီမင်းစိတ်လှုပ်ရှားနေတာကိုမပြောလည်းသိနေခဲ့တယ်
ဒါပေမဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ သူလည်းမခန့်မှန်းနိုင်ဘူးလေ ဂျီမင်းပြောတာကိုစောင့်ရမှာပဲ....
"ဆော့ဂျင် မင်းနဲ့စီနီယာဂျောင်ကုတို့တွဲနေတာကိုမင်းအစ်ကိုသိသွားပြီထင်တယ်...
ခုဏတင်ပဲထယ်ယောင်းဆီဖုန်းခေါ်ပြီးမေးတာ ထယ်ယောင်းလည်းမသိပါဘူးဆိုပြီး ညာလိုက်ရတယ် အတော်စိတ်ဆိုးနေပုံပဲ ငါရင်တုန်လိုက်တာ...."
ဂျီမင်းက သူ့လက်နှစ်ဖက်ကိုဖွဖွဆုပ်ကိုင်ပြီး ကြာက်လန့်စိတ်မပြေသေးတဲ့အကြည့်တွေနဲ့ပြောလာတယ်....
အနှေးနဲ့အမြန်သိမှာပဲလို့ သူကြိုတင်မျှော်လင့်ထားပြီးသားမို့ ဂျီမင်းကို တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းငြိမ်ပြလိုက်တယ်....
"ဘာမှမဖြစ်မဖြစ်ပါဘူး မင်းတို့အပြစ်မှမပါတာ လန့်မနေပါနဲ့ အဆင်ပြေသွားလိမ့်မယ်...."
အေးအေးဆေးဆေးသူ့ပုခုံးကိုပြန်ပုတ်ပေးပြီး နှစ်သိမ့်နေတဲ့ဆော့ဂျင်ကို ဂျီမင်းနားမလည်သလိုပြန်ကြည့်မိတယ်....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....