part 🌷38

1.4K 225 46
                                    

ဇာမနီငှက်ရုပ်ထိုးထားတဲ့  ပန်းဆီရောင်၀တ်ရုံနဲ့  ရှေးခေတ်ပန်းချီကားထဲက  ထိုအမျိုးသမီးငယ်    မျက်လုံးမျက်ဖန်  မျက်နှာအကျတစ်ခုလုံးဟာ  သူနဲ့ခွဲမရလောက်အောင်ချွတ်စွတ်တူလွန်းသည်    သူသာအဲဒီလိုအပြင်အဆင်မျိုးပြင်လိုက်မည်ဆိုရင်   ပန်းချီကားထဲကခုန်ထွက်လာသည်ဟုပင်  ဘေးလူတွေထင်သွားနိုင်သည်....

ဆော့ဂျင်  ပါးစပ်အဟောင်းသားနဲ့  ဂျောင်ကုပြတဲ့ပန်းချီကားကို  အတန်ကြာသည်အထိငေးကြည့်နေမိသည်...

"ဒီပန်းချီကားကို  ဘယ်လိုထင်လဲ  ပူတူး...."

"အံ့သြစရာကောင်းလိုက်တာ  ဒီအမျိုးသမီးကဘာလို့ကျွန်တော်နဲ့ဒီလောက်တူနေရတာလဲ

ပြီးတော့  လူအများမြင်တဲ့နေရာမှာမဟုတ်ဘဲ ဘာလို့  ဒီလိုချောင်ကျတဲ့အတွင်းခန်းထဲချိတ်ထားရတာလဲဟင်...."

"သေချာကြည့်ပြီး  ထူးခြားမှူကိုရှာကြည့်လေ ပူတူးရဲ့...."

ဂျောင်ကုကနောက်ကနေ  သူ့ခါးကိုသိုင်းဖက်ပြီးသူ့ပခုံးပေါ်မေးတင်ထားတယ်  နီးကပ်လွန်းလို့ ဂျောင်ကုရဲ့အသက်ရှူသံအချက်တိုင်းကို  ရှင်းရှင်းလင်းလင်းခံစားလို့ရနေတယ် ...

ရေးရေးကလေး  ပြုံးနေတဲ့  ဂျောင်ကုရဲ့အပြုံးတွေဟာ  စိတ်ကျေနပ်မှူအပြည့်ရနေဟန်ပေါ်တယ်...

သူ့ဂျောင်ကုအကြောင်းတွေးတာရပ်လိုက်ပြီး  ပန်းချီကားကိုသေချာကြည့်လိုက်တယ် 
ရေးဆွဲထားတဲ့ခုနှစ်ကိုကြည့်လိုက်တာ  လွန်ခဲ့တဲ့နှစ်ပေါင်း 200ရာကျော်လောက်ကလက်ရာပဲ   ခုချိန်ထိအကောင်းပကတိရှိသေးတာအံ့သြစရာကောင်းတယ်  ဆွဲတဲ့သူရောထိန်းသိမ်းထားတဲ့သူတွေကိုပါ  အတော်ကလေးချီးကျူးမိတယ်...

ထူးခြားမှူ   ထူးခြားမှူ  ဒီပန်းချီကားထဲကထူးခြားမှူကဘာပါလိမ့်   သူပန်းချီကားထဲကအမျိုးသမီးရဲ့မျက်နှာဆီကအကြည့်လွှဲပြီး  အငုန်လုံးကိုစေ့စေ့စပ်စပ်လိုက်ကြည့်နေမိတယ်...

"အပြင်အဆင်  အ၀တ်အစားတွေကွဲနေတယ်  ဟုတ်တယ်မလား  အဲဒီခေတ်တုန်းက  ကျွန်တော်တို့နိုင်ငံရဲ့မိဖုရားတွေ  မင်းသမီးတွေ ဘယ်သူမှဒီလိုပုံစံမပြင်ဆင်ဘူး  ဒီလို၀တ်စုံကိုပထမဆုံးတွေ့ဖူးတာပဲ   ရုတ်တရက်ကြည့်ရင်တူတယ်ထင်ရပေမဲ့   ကွဲလွဲတာတွေများတယ် 
အနားသပ်တွေ  ၀တ်ရုံပေါ်ဆွဲတဲ့ပန်းချီတွေ  ဆံပင်အထုံးအဖွဲ့တွေ   အားလုံးကွဲပြားနေတယ်..."

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora